Arc 3🗡55🗡 တွေ့ဆုံပွဲ

708 59 0
                                        

Chapter (55) Arc 3
တွေ့ဆုံပွဲ

"လုရွှမ်.... ငါတို့ အရင်သွားလိုက်ပါဦးမယ်"

ဟွာချောင် နှင့် အခြားသူများသည် မူလက လုရွှမ်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ဝမ့်ထျန်းနန်း​ဆောင်သို့ ပြောင်းရွှေ့ခြင်းအတွက် ချီးကျူးဂုဏ်ပြု ချင်ကြသော်လည်း သူတို့ ဘာမှပြန်မပြောမီတွင် ဟန်ရွှယ်နှင့် ဤမိန်းကလေးများ၏ ပြင်းထန်သော စကားလုံးများကို ကြားမှ သူတို့ မနေနိုင်တော့ကြောင်း သိလိုက်ကြသည်။ ထို့ကြောင့် သူတို့ ကမန်းကတန်း ထွက်သွားကြပြီး ခေါင်းမလှည့်ဘဲ ထွက်ပြေးကြ​တော့သည်။

"သခင်လေး...ကျွန်တော်တို့လည်း သွားလိုက်ပါဦးမယ်"

မုယန်ဖုန်းနှင့် လျောက်ချင်းတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လှည့်ထွက်သွားကြသည်။ သူတို့ရှေ့မှာ အမျိုးသမီး သုံးယောက် ရန်ဖြစ်​နေကြပြီး ဘယ်သူက အသေခံနိုင်ပါ့လဲ အဝေးကို ပြေးတာ ပိုကောင်းပါတယ်။

"ဟင်?"

လူတိုင်း ပြေးထွက်သွားတာကို မြင်လိုက်ရတော့ လုရွှမ်ဟာ သူ့အတွက် မိန်းမတွေဟာ ဘယ်လောက်ပဲ သိမ်သိမ်မွေ့မွေ့ ဖြစ်နေပါစေ ပြဿနာကြီးတစ်ခု ရှိနေမှန်း သိလိုက်သည်။

ရှက်ရွံ့စွာ ခေါင်းကုတ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

အခု ချိန်းတွေ့တဲ့ မိန်းမတွေကို စိတ်မဝင်စားဘူးလို့ ဒီသုံးယောက်ကို ဘယ်လိုပြောရမလဲ? သူလေ့ကျင့်နေတာက ကလဲ့စားချေလိုတဲ့ စိတ်ကြောင့်ပဲလေ။

"အသားချင်းထိတော့ ဘာဖြစ်လဲ? ငါ့အထင်တော့ နင်အခုထိ အပျိုဖြစ်နေတုန်းပဲ!"

ဤနေရာ၌ လူတိုင်း တယောက်ပြီး တယောက် ပြေးထွက်သွား ကြသော်လည်း ထိုသုံးယောက်၏ ရန်ဖြစ်မှု မပြီးသေးချေ။

"အပျိုဖြစ်တော့ ဘာဖြစ်လဲ?.. လုရွှမ် သူ သူငါ့ကို ထိလိုက်တာပဲ!" မင်းသမီး​လော့ရုံ​က ပြောလိုက်သည်။။

"နင့်ကို ထိလိုက်တာလား? သူက ငါ့တစ်ကိုယ်လုံးကို ​ကြည့်ပြီး ငါတို့မျက်နှာချင်း ဆိုင်ခဲ့ကြဖူးတယ်!" ဟန်ရွှယ်က အံကိုကြိတ်လိုက်သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now