Arc 3🗡127🗡ရှန့်ခုန်းချိုင့်ဝှမ်းပွင့်ပြီ

530 38 0
                                        

Chapter (127) Arc 3
ရှန့်ခုန်းချိုင့်ဝှမ်းပွင့်ပြီ

ဇိဇိဇိဇိ

ဖီးနစ်မီးပေါ်လာပြီး ​ခေါင်း​လောင်းကို ဖြည်းညှင်းစွာ ပွတ်တိုက်လိုက်ရာ မီးတောက်သည် ဝုန်းကနဲ တောက်လောင်သွားသည်။ ခဏအကြာတွင် လက်ဖဝါးထဲက မီးတောက်များ ပျောက်သွားသည်။

ဖီးနစ်မီးကြောင့် လောင်ကျွမ်းခဲ့သော ခေါင်းလောင်းသည် ယခင်နှင့် အတူတူပင်ဖြစ်ပြီး တောက်လောင်ခဲ့သော မီးတောက်များသည် မည်သည့် အရိပ်အမြွက်မျှ မကျန်ရစ်ခဲ့ပေ။

လုရွှမ် မျက်ခုံးပင့်ကာ ယွမ်ယန်ဝိညာဥ်ချီကို ခေါင်းလောင်းထဲသို့ ပစ်လိုက်သည်။

ချွင်း!

ရှင်းရှင်းလင်းလင်း ပြတ်သားသော ခေါင်းလောင်းသံ တစ်သံ ထွက်ပေါ်လာသည်။ အသံက ထူထဲပြီး ရွှံ့များထူထပ်သော တောင်ကြီးကဲ့သို့ လူများကို ငြိမ်သက်သွားစေသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ထို့နောက်တွင် သူသည် ကြီးမားသော စုပ်ယူအားကို ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်ရှိ စစ်မှန်သော စွမ်းအင်ကို စုပ်ယူပစ်လိုက်သလိုမျိုး ခြောက်သွေ့သွား၏။

​ခေါင်း​လောင်းသည် သူ့လက်ဖဝါးမှ လွတ်ထွက်သွားပြီး သူ့ခေါင်းပေါ်တွင် ချွေးသီးများထွက်ကာ သူ့မျက်နှာမှာလည်း ဖျော့တော့လာသည်။

"မျှော်လင့်ထားသလို ပါပဲလား!"

ခန္ဓာကိုယ်က အားနည်းလာပေမယ့် မျက်လုံးတွေကတော့ ပိုတောက်ပလာသည်။ အစောကထွက်လာတဲ့ သူ့ရှေ့က ခေါင်းလောင်းသံက သူ့ခန္ဓာကိုယ်ထဲက စစ်မှန်တဲ့ စွမ်းအင်အားလုံးကို စုပ်ယူလုနီးပါးပဲ။

ဖီးနစ်မီးသည် အန္တရာယ်မရှိဘဲ တောက်လောင်နေကာ သူ၏နန်းတော်ပင်လယ် နှစ်ခုရှိ စစ်မှန်သော စွမ်းအင်အားလုံးကို ချက်ချင်းရုတ်သိမ်းသွားခဲ့သည်။ စဉ်းစားနေဖို့ မလိုပါအောင် ဒီအရာဟာ ဒဏ္ဍာရီဆန်ဆန် ရွှံ့ရွှေခေါင်းလောင်းပဲ ဖြစ်လေပြီ။

"ဒဏ္ဍာရီလာ ရတနာတွေ အားလုံးကို ရဖို့ ငါ မမျှော်လင့်ထားဘူး... ငါ အရမ်းကံကောင်းနေပါလား!"

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now