Arc 3🗡105🗡ရှန့်ခုန်းအဆောက်အအုံ

574 32 0
                                        

Chapter (105) Arc 3
ရှန့်ခုန်းအဆောက်အအုံ

"သခင်လေးက ထက်မြတ်ပါတယ်... စစ်ယန် ဟန်ဆောင်​နေတာကို ရပ်လိုက်ပါမယ်!"

လူငယ်က တိုက်ရိုက်ပြောတတ်ပြီး ခက်ခဲ​စေတဲ့ ကျင့်ထုံးတွေကို ရှောင်ဖယ်နေတာကို မြင်တော့ ချန်စစ်ယန်ဟာ အဓိပ္ပါယ်မဲ့ စကား မပြော​တော့ဘဲ သူမရဲ့ နက်မှောင်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။

"ကျွန်မ မကြာသေးခင် ရက်ပိုင်းက အစိမ်းရောင် မြက်ပင်တစ်ပင်ကို မျက်စိကျမိသွားပါတယ်... မနေ့က အဲဒီဝိညာဥ်မြက်ကို ဝယ်ချင်ခဲ့တယ် ဒါပေမဲ့ တစ်ဖက်လူတောင်းတဲ့ ဈေးက အရမ်းမြင့်နေလို့ မတတ်နိုင်ခဲ့ဘူး ဒါကြောင့် သခင်လေးရဲ အမြင်နဲ့ ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်!"

ချန်စစ်ယန်သည် ဆေးဝါးသခင်မချန်ပင် မဖြေရှင်းနိုင်ခဲ့သော ပြဿနာကိုပင် လူငယ်လေး၏ အလွယ်တကူ ဖြေရှင်းနိုင်သော အရည်အချင်းကို သိထားလေသည်။ သူမရှေ့မှ လူငယ်သည် ဆေးပညာအရာ၌ ထူးချွန်ကြောင်း သိသောကြောင့် သူမသည် ဤနေရာကို အထူးတလည် အကြံဥာဏ်တောင်းရန် လာခဲ့​ခြင်း ဖြစ်သည်။

"မြက်စိမ်း?" လုရွှမ်က ဆို၏။

"မြေကြီး​​မြက်မှာ မြက်သုံးမျိုးရှိတယ်... စိမ့်မြက်၊ နှင်းတောထဲက မြက်၊ သဲကန္တာရထဲက မြက်တွေပဲ... အဲဒီအထဲမှာ စိမ့်မြက်က အဖိုးတန်ဆုံး... မင်းမြင်ခဲ့တာက ဘယ်လို အမျိုးအစားလို့ တွေးမိလဲ?"

"ဒါက စိမ့်ထဲက မြက်ပင်ဖြစ်မယ်!"

ချန်စစ်ယန်လည်း သိပ်အတည်မပြုဝံ့ပေ။

"ကောင်းပြီ... ငါလည်း လမ်းလျှောက် ထွက်ချင်နေတာဆိုတော့ ဒါဆို ငါ မင်းနဲ့လိုက်ပြီး ငါဝယ်နိုင်တဲ့ တစ်ခုခု ရှိမရှိ လိုက်ကြည့်မယ်....!"

လုရွှမ် ခေါင်းညိတ် သဘောတူလိုက်သည်။

မြေပြင်မြက်သည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးသော အထူးအပင်တစ်မျိုး ဖြစ်ပြီး ကြီးထွားရန်အတွက် မြေကြီး၏ ညစ်ညမ်းသောလေကို စုပ်ယူကာ သန့်ရှင်းသောလေကို ထုတ်လွှတ်ပေးသည်။ ၎င်းသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၄အတွက် များစွာအထောက်အကူ ဖြစ်​စေသည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now