Chapter (5) Arc 3
စိတ်ဝိညာဥ်စွမ်းအင် ၀.၉၉အတုတံဆိပ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံမှု အရှိန်နှေးသွားကာ အထူးသဖြင့် ဂိုဏ်းဆရာနယ်ပယ်တွင် စုဆောင်းရန် အချိန်ယူရပါလိမ့်မည်။ ၎င်းတို့၏ စစ်မှန်သော ဝိညာဥ်ချီကို တိုးတက်စေရုံသာမက ခိုင်မာသော အသိပညာအရံရှိရန်လည်း လိုအပ်သည်။ ဝိညာဥ်ချီဖွဲ့စည်းရန် ကျွမ်းကျင်နိုင်သည့် အနေနှင့် တစ်ရှိန်ထိုး အောင်မြင်သည်။
သူတို့ကို အတုတံဆိပ်နယ်ပယ်မှ လဝက်အတွင်း အဓိပတိသို့ ရောက်ရှိကြောင်း ပြောလိုက်လျှင် နောက်ပြောင်နေသည်ဟု ထင်မည်မှာ သေချာပါသည်။
မယုံနိုင်လောက်အောင် ဇဝေဇဝါတွေ ဖြစ်ကုန်ကြမည်။
သူတို့ အကြောက်ဆုံး ရန်သူဖြစ်တဲ့ အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က ဘာကြောင့် ဒီလောက် လွယ်လွယ်နဲ့ သခင်လေးကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေရသနည်း။
"မေ့လိုက်ပါ... ကျုပ်လည်း နောက်မျိုးဆက် ဖြစ်နေတာပဲလေ... အကောင်းဆုံး လင်းယုန်နီ သုံးကောင်ကိုပဲ ရှာပေးပါ!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
တစ်ဖက်က သူ့ကို လုံး၀ စော်ကားတာ မဟုတ်ဘဲ ပြေပြေလည်လည်နဲ့ အရှုံးပေးလိုက်တာကြောင့် သူ့ဖက်ကလည်း တိုက်ခိုက်နေစရာ အကြောင်း မရှိပေ။
"ဒါက ရိုးရိုးရှင်းရှင်းပါပဲ... ကျုပ် တစ်ယောက်ယောက်ကို အခုချက်ချင်း လုပ်ခိုင်းလိုက်ပါမယ်!"
တော်ဝင်မိသားစု၏ ဘိုးဘေးက ကမန်းကတန်း ပြောလိုက်သည်။
အချိန်အတော် ကြာအောင် စောင့်ဆိုင်းပြီးနောက်တွင် လင်းယုန်နီကြီး ၃ကောင်သည် ခြံအပြင်ဘက်တွင် ရောက်ရှိလာခဲ့သည်။
"သွားကြရအောင်!"
လုရွှမ်သည် အဓိပ္ပါယ်မဲ့သော စကားများ ဆက်ပြောရန် ပျင်းလွန်းသဖြင့် ထွက်လာခဲ့ရာ မုယန်ဖုန်းနဲ့ ဟန်ရောင်တို့ကလည်း နောက်က လိုက်လာခဲ့ကြသည်။
ဖီးနစ်အမွေး လက်ထဲတွင် ရှိနေပြီဖြစ်သဖြင့် ဝူယန်အင်ပါယာတွင် ဆက်ရှိနေရန် မလိုအပ်တော့ပါ။ ယခုအရေးကြီးဆုံး အရာမှာ ပေရွှီးအင်ပါယာက ယင်းယန်အကယ်ဒမီသို့ အလျင်အမြန် သွားရန် ဖြစ်သည်။

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ