Arc 2🗡76🗡ဟန်မိသားစုဘိုးဘေးများနှင့် တွေ့ဆုံခြင်း

662 46 0
                                        

Chapter (76) Arc 2
ဟန်မိသားစု၏ ဘိုးဘေးများနှင့် တွေ့ဆုံခြင်း

ဟန်မိသားစု အစည်းအဝေး ခန်းမ၌။

"အ​ဖြစ်အပျက်ကတော့ ဒီလိုပဲ!"

အကြီးအကဲ တစ်ဦးက ဆို၏။

အလယ်ထိုင်ခုံတွင် အဘိုးအို တစ်ယောက်မှာ စကားများကို နားထောင်ပြီးနောက် သူ့မျက်နှာက ရုပ်ဆိုးသွား​သည်။ သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သောအခါ ခန်းမထဲက စားပွဲမှာ တစ်စစီ ပြန့်ကျဲသွားတော့သည်။

"အဓိပ္ပာယ် မရှိတာ! ဝူယန်အင်ပါယာမှာရှိတဲ့ မိသားစုကြီး သုံးစုထဲက တစ်ခုဖြစ်တဲ့ ငါတို့ဟန်မိသားစုက မျိုးဆက်ပေါင်းများစွာ ဘုရင်အဖြစ် သရဖူဆောင်းလာခဲ့တာပဲ... ကြီးကျယ်ခမ်းနားတဲ့ မျိုးနွယ်စုအကြီးအကဲက အသက်၂၀အောက် လူငယ်လေးရဲ့ အစေအပါး လုပ်တယ်တဲ့...ဘယ်လို မျက်နှာပြရမလဲ? ဒါ သိက္ခာကျစရာပဲ မဟုတ်ဘူးလား?"

အဘိုးအို၏ မုတ်ဆိတ်မွေးသည် ဒေါသများကြောင့် လှုပ်ခတ်နေကာ သူ့မျက်လုံးထဲတွင် လေများက ထူထပ်ကာ မိုးကြိုးအက်ကွဲ ကြောင်းများပင် ဖြာထွက်နေ၏။

"စိတ်လျှော့ပါ ဘိုးဘေး...အိမ်တော်သခင်ရှာဖို့ ဟန်ရွှယ်ကို စေခိုင်းထားပါတယ်... မကြာခင် သူရောက်လာတော့မှာပါ"

အကြီးအကဲကြီးက ဆက်ပြောလေ၏။

"အဲဒီလုရွှမ်က တိမ်ဆွဲမျှော်စင်ကို ၉ထပ်အထိ ဖြတ်သွားနိုင်တယ်လို့ ကြားမိတယ်...ဒါနဲ့ ပတ်သက်ပြီး မေးဖို့ တယောက်ယောက်ကို စေလွှတ်လိုက်ပါတယ်"

"တိမ်ဆွဲမျှော်စင်ရဲ့ ကိုးထပ်ကို ဖြတ်ကျော်နိုင်တာက အစွမ်းထက်ပေမယ့် သန်မာတဲ့ လူတစ်ယောက် မဖြစ်ခင်မှာ ဟန်မိသားစုရဲ့ အိမ်တော်သခင် အနေနဲ့ ဘယ်လို အရည်အချင်းတွေ ရှိနေလို့ အစေခံရတာလဲ?? အဓိပ္ပါယ်ကို မရှိဘူး!! ဟန်ရောင် ဒီလောက်ထိ မိုက်မဲမယ်လို့ မမျှော်လင့်ထားဘူး.... အသက်ကြီးပြီး မစဥ်းစားတတ်ဘူး...သူလည်း အိမ်တော်သခင်နေရာကို ဆက်လုပ်နေစရာ မလို​တော့ဘူးလို့ ထင်တယ်!"

ဘိုး​ဘေး​ကြီးလို့ ခေါ်တဲ့ အဖိုးအိုက ဆက်ပြီး အော်ဟစ်နေ၏။ အော်ဟစ်ပြီးနောက် တစ်ပတ်လောက် လှည့်ကြည့်လိုက်ကာ။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now