Chapter (90) Arc 3
တန်ပြန်တိုက်ခိုက်မှု (ပထမပိုင်း)"ရှန့်ခုန်းချိုင့်ဝှမ်းထဲမှာ အဆိပ်ရှိတဲ့ နေရာတွေ အများကြီးရှိတယ် ဆိုတော့ အဆိပ်ဖြေဆေးတချို့ကို သန့်စင်ထားဖို့ လိုတယ်... ငါ့ရဲ့ လက်ရှိ ကျင့်ကြံမှုနယ်ပယ်က အဓိပတိနယ်ပယ် အလယ်အလတ် အဆင့်ကို ရောက်နေပြီ.... ပြီးတော့ ငါ့ရဲ့ ခွန်အားကို တိုးတက်စေဖို့အတွက် ဆေးဝါးအချို့ကိုလည်း သန့်စင်ထားဖို့ လိုအပ်တယ်.... ပြီးပြည့်စုံခြင်း အဆင့်ကို မြှင့်တင်နိုင်ရင် ဝူအဆင့်၁၀ကို တစ်ရှိန်ထိုး ထိုးဖောက်ဖို့ အခွင့်အလမ်း ရှိပြီ!"
ရထားလုံးပေါ် ထိုင်ရင်း လုရွှမ်သည် ချိုင့်ဝှမ်းတွင် သူလိုအပ်သည့် အရာများနှင့် အနာဂတ်၏ ကျင့်ကြံမှု လမ်းကြောင်းကို တွေးတောနေခဲ့သည်။
သူ၏လက်ရှိ ကျင့်ကြံမှုသည် အဓိပတိနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၎င်းကို လုံးလုံးပေါင်းစည်းထားပြီးဖြစ်သည်။ သူ၏ခွန်အားကို မြှင့်တင်ရန်အတွက် ဆေးလုံးတချို့ သောက်ရန် လိုအပ်သည်။ သူသည် လျင်မြန်စွာ တိုးတက်ပြီး မြင့်မြတ်သောအဆင့်သို့ ရောက်ရှိမှသာ စိတ်ချနိုင်မည်ဖြစ်သည်။
ဝူအဆင့်၁၀ကိုလည်း ထိုးဖောက်ရမည်။
အောင်မြင်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်မီးသည် လောင်ကျွမ်းသွားသကဲ့သို့ ဖြစ်မည်ဖြစ်ပြီး ခန္ဓာကိုယ်သည် အညစ်အကြေး ကင်းစင်ကာ ချွတ်ယွင်းချက် ကင်းစင်သော ခန္ဓာကိုယ်တစ်ခုအဖြစ် ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထို့အပြင် ကျင့်ကြံမှု အရှိန်သည် အလွန်တိုးလာလိမ့်မည်။
"ဘေးထွက်ဆိုးကျိုး မရှိဘဲ အမြင့်ဆုံးနယ်ပယ်၏ အဆင့်ကို မြှင့်တင်နိုင်တဲ့ အဂ္ဂိရတ်ဆေးက သေမျိုးထိုးဖောက်ဆေးလုံးပဲ!"
သူရင်ထဲမှာ အလင်းတစ်ခုနဲ့အတူ အဂ္ဂိရတ်ဆေး တစ်မျိုးကို သတိရသွားသည်။
သေမျိုးထိုးဖောက်ဆေးလုံး!
သေမျိုးဘဝ၏ ချည်နှောင်ခြင်းကို ဖြတ်ကျော်ကာ သေမျိုးနယ်ပယ်မှ ခွဲထွက်ခြင်း။
အကယ်၍ သူသည် ဤအဂ္ဂိရတ်ဆေးကို ရရှိထားပါက အဓိပတိနယ်ပယ် အလယ်အလတ် အဆင့်တွင်သာ ရှိနေသော်လည်း အချိန်တိုအတွင်း ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနိုင်သည်။

ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Ficción históricaArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ