Arc 3🗡18🗡အကြီးအကဲများ၏တုန်လှုပ်မှု (ဒုတိယပိုင်း)

648 45 0
                                        

Chapter (18) Arc 3
အကြီးအကဲများ၏တုန်လှုပ်မှု (ဒုတိယပိုင်း)

"မင်းဘာပြောလိုက်တယ်? အတုတံဆိပ်နယ်ပယ် အထွတ်အထိပ်ကို အနိုင်ယူလိုက်တယ်?"

"မင်းရဲ့ သိုင်းကွက် ၃ကွက်ကိုလည်း တားနိုင်တယ်?"

"ဒါက ဘယ်လိုဖြစ်ရတာလဲ!"

"ငါတို့အကယ်ဒမီရဲ့ နံပါတ်တစ် ဟူရိတောက်တောင် အပ်စိုက်အမှတ် ၂၄ခု ကိုဖွင့်ထားရင်တောင် ဒါကို မလုပ်နိုင်​လောက်ဘူး!"

"ထုံးရွှမ်နယ်ပယ်က အတုတံဆိပ်နယ်ပယ်ကို သတ်တယ်? ဒါ ကောင်းကင်ကို အန်တုနေတာပဲမလား?"

ဆရာကြီးဟူယွင်၏ စကားများသည် ဒယ်အိုးထဲသို့ ပစ်ချလိုက်သော မီးပွားများကဲ့သို့ပင်။ လူတိုင်းကို ရုတ်ရုတ်သဲသဲနှင့် ထိတ်လန့်တကြား ဖြစ်သွားစေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူတို့ကို နောက်နေတာလား!

လူတစ်ဦးသည် မည်မျှပင် အရည်အချင်းရှိပါစေ ကန့်သတ်ချက် ရှိပါ​သေးသည်။ စိန်ခေါ်မှုအဆင့် မြင့်မားလေ ဤအရာသည် ပါရမီရှင် မဟုတ်တော့ဘဲ မကောင်းဆိုးဝါး တစ်ကောင်သာ ဖြစ်သည်။

"ဒါဟာ လုံးဝအမှန်ပဲ... အမှန်ပဲ!"

လူတိုင်းက မယုံကြတာကို မြင်တော့ ဆရာကြီး ဟူယွင်က ထပ်ပြောလိုက်သည်။

"မင်းပြောခဲ့တဲ့ စကားက အမှန်ဆိုရင် သူကတကယ် ပါရမီရှင် တစ်ယောက်ဖြစ်ပြီး ပြုစုပျိုးထောင်ရကျိုး နပ်ပေမယ့် ထုံးရွှမ်နယ်ပယ်ရဲ့ အစွမ်းသတ္တိတွေပဲ ရှိသေးတယ်။ ပုံမှန်အချိန်လေးမှာ စာရင်းသွင်းမယ်ဆိုရင် သေချာပေါက် စုဆောင်းနိုင်မှာပါ ဒါပေမယ့် အခု ဆယ်ရက် နောက်ကျနေပြီ မဖြစ်တော့ဘူး"

စကားဝိုင်းကို နားထောင်ပြီးနောက် အကြီးအကဲ လုံယွမ်က ဆုံးဖြတ်ခဲ့သည်။

အရာအားလုံးအတွက် စည်းမျဥ်းစည်းကမ်းတွေရှိတယ်။ ယင်းယန် အကယ်ဒမီအတွက် စာရင်းသွင်းမှုဟာ အရမ်း နောက်ကျသွားတဲ့ အတွက် အကယ်ဒမီကို မျက်စိထဲ မထည့်သလို ဖြစ်သွားပြီလေ။

တကယ်လည်း ထူးချွန်တဲ့သူ တစ်ယောက်ဆိုရင် အထူးခွင့်ပြုချက်နဲ့ ခေါ်ယူတာ ကောင်းပါ၏။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now