Arc 3🗡65🗡ဘယ်သူကမှ ငါ့ကို တောင်းပန်ခိုင်းလို့ မရဘူး

668 53 0
                                        

Chapter (65) Arc 3
ဘယ်သူကမှ ငါ့ကို တောင်းပန်ခိုင်းလို့ မရဘူး

"ဒီကလေးတော့ ပြီးသွားပြီ!"

"ဒါက ထိုက်တန်ပါတယ်... အကယ်ဒမီကို အသစ် ရောက်လာတဲ့ ကောင်လေးတစ်ယောက်က ဒီလိုမျိုး ကြေငြာဖို့ သတ္တိရှိနေတာလေ... အခုထိ အသက်ရှင်နေနိုင်တာ ကံကောင်းနေပြီ!"

"မှန်တယ်... ယင်းယန်အကယ်ဒမီမှာ နောက်ခံ ဘယ်လောက်ပဲ နက်နဲနေပါစေ ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ နိမ့်ကျတဲ့ ​နောက်ကြောင်းကို ထိန်းသိမ်းထားနိုင်ရင် ပိုကောင်းမယ်... မဟုတိရင် ဘယ်လိုသေလို သေသွားရမယ်ဆိုတာ သိလိုက်မှာ မဟုတ်ဘူး!"

"ငါ့မှာ ခွန်အားမရှိပေမယ့် အလှ​လေး အားလုံးကို ငါလိုချင်နေသေးတယ်.... ဟီးဟီး ကျန်း​​ရှောက်ချန်နဲ့ လုံယိဖျင်က သူတို့ကို လွှတ်ထားရင်တောင် မင်းသားချန်ရှင်းက လွှတ်ထားမှာ မဟုတ်ဘူး!"

"ပေရွှီးအင်ပါယာရဲ မင်းသားတစ်ပါးကို စော်ကားတာက တကယ် သေကြောင်းရှာတာပဲလေ"

ကျန်းရှောက်ချန်သည် လုရွှမ်ကို ဝန်းရံရန် ချန်အဖွဲ့မှလူများကို စေလွှတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် အားလုံးက ခေါင်းယမ်းလိုက်ကြသည်။ ဤအခိုက်အတန့်တွင် လုရွှမ် ဟူသော ဤလူသည် သေတော့မည်ကို လူတိုင်း ထင်နေကြ၏။

အကယ်ဒမီ၏ ပပြင်ခန်းတွင် အကြီးဆုံးမဟာမိတ် နှစ်ခုအနက်မှ တစ်ခုဖြစ်သော ချန်အဖွဲ့ကို စော်ကားခြင်းသည် ၎င်း၏သေဆုံးခြင်းကို အမှတ်အသား ပြုပြီးသား ဖြစ်သွားသည်။

ဓားများ တချွင်းချွင်း တောက်နေသည် ကိုမြင်လိုက်ရသဖြင့် လျောက်ချင်း ၊ ဟန်ရွှယ် နှင့် အခြားသူများသည် ၎င်းတို့၏ ဝိညာဥ်စွမ်းအင်များကို ထုတ်လျက် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

"မင်းငါ့ကိုသတ်ဖို့ ရည်ရွယ်တာလား?"

တိုက်ပွဲက ​ဖြစ်ပွားလုနီးနေပြီ ဖြစ်သော်လည်း လုရွှမ်က ဘာမှမဖြစ်ခဲ့သလို သေရည်ခွက်ကိုချပြီး မတ်တပ်ရပ်လိုက်သည်။

"ကြည့်ရတာ မင်းက မတုံးဘူးပဲ... နောက်ဆုံးတော့ ငါသဘောပေါက်သွားပြီပေါ့!" ကျန်းရှောက်ချန်က ရယ်မောလိုက်ပြီး သူ့မျက်လုံးတွေထဲမှာ ရက်စက်တဲ့အကြည့်တွေ တောက်ပလာခဲ့သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now