Chapter (80) Arc 2
ချင်မိသားစု၏ဘိုးဘေး (ဒုတိယပိုင်း)အစောင့်နောက်သို့ လိုက်ကာ အဆောက်အအုံများစွာကို ဖြတ်လျှောက်သွားပြီးနောက် ခမ်းနားထည်ဝါသော နန်းတော်တစ်ခုဆီသို့ ရောက်လာခဲ့သည်။
ဝုန်း!
ခန်းမတံခါး ပွင့်သွားပြီး ဆူးယာအထဲသို့ ဝင်သွားခဲ့သည်။
ခန်းမ အလယ်ခုံမှာ အဘိုးကြီးတစ်ယောက် ထိုင်နေပြီး သူမနဲ့ အသက်တူတဲ့ အမျိုးသမီး တစ်ဒါဇင်လောက်က ခန်းမထဲ၌ မတ်တပ်ရပ်နေပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြသည်။
သခင်လေး ချင်ဟွာသည် လူအုပ်ကြီးရှေ့တွင် ရပ်နေလျက် သူ့ဘေးတွင် သက်ကြီးရွယ်အို အကြီးအကဲ များစွာ ရှိနေသည်။
ချင်ဟွာကို မြင်လိုက်ရတော့ ဆူးယာ မျက်လုံးတွေ တောက်ပလာပြီး သူ့ဆီသွားဖို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
ဒီလူရဲ့ ဇနီးဖြစ်လာတာနဲ့ အဆင့်အတန်းချင်း မတူတဲ့အတွက် သဘာဝအတိုင်း လိုက်လျောညီထွေရှိတဲ့ သတ္တိတွေလည်း ရှိထားရမည်။
"ဆူးယာ ဘိုးဘေးကို ဂါရဝပြုပါတယ်"
"မဆိုးပါဘူး!"
အလယ်မှ အဘိုးအိုက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ခေါင်းညိတ်ပြပြီး
"ဟွာအာ... မင်းကိုယ်လုပ်တော်က တခြားသူတွေထက် အများကြီး ပိုဥာဏ်ကောင်းတာပဲ!"
"ကိုယ်လုပ်တော်?"
ဤအမည်ကို ကြားတော့ ဆူးယာ အံ့အားသင့်သွားတယ်။
သူမသည် ချင်ဟွာ၏ တရားဝင်ဇနီး ဖြစ်လာရမည် မဟုတ်လော။ ဘယ်လိုလုပ် ကိုယ်လုပ်တော် ဖြစ်သွားတာလဲ။
"ဘိုးဘေးကို တင်ပြပါတယ်.... ဒါက ကျန်းဝူအင်ပါယာကနေ ကျွန်တော် ရှာတွေ့ခဲ့တဲ့ မိန်းကလေးပါ.... သူ့ကို ၂၃ယောက်မြောက် ကိုယ်လုပ်တော် နေရာမှာထားဖို့ စီစဥ်ထားပါတယ်" ဟု ချင်ဟွာက ရှင်းပြသည်။
ယခုအချိန်တွင် ချင်ဟွာ၏ ဒဏ်ရာများသည် သက်သာလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူသည် သူ၏ခွန်အားကို အသုံးမချနိုင်သေးဘဲ ပုံမှန်အတိုင်း လမ်းလျှောက်နိုင်ခြင်းကပင် ပြဿနာကြီးကြီးမားမား မဟုတ်တော့ပေ။

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ