Arc 3🗡58🗡ချန်အသင်းကလူခေါ်ခြင်း

621 50 0
                                        

Chapter (58) Arc 3
ချန်အသင်းကလူခေါ်ခြင်း

တွေ့ဆုံပွဲ အစည်းအဝေးကို ယင်းယန်အကယ်ဒမီ၏ အကျယ်ဆုံးခန်းမတွင် ကျင်းပခဲ့သည်။ ပါရမီရှင်များနှင့် ပြည့်ကျပ်နေပြီ ဖြစ်သည်။

အပြင်ဘက် ခြံဝင်းမှ ကျောင်းသားဟောင်းများနှင့် အတွင်းခန်းမှ ကျောင်းသားဟောင်းများ အားလုံးနီးပါး ရောက်လာကြပြီး အားလုံးက အလှပဆုံး အချောဆုံး ၀တ်စုံများ ဝတ်ဆင်ထားကြသည်။

တွေ့ဆုံပွဲ သည် ကျောင်းသားဟောင်းများနှင့် ကျောင်းသားသစ်များ ဖလှယ်တွေ့ဆုံရုံ သာမက နိုင်ငံတွင်းရှိ အဆင့်မြင့် အရာရှိကြီးများနှင့် ဂုဏ်သရေရှိ လူကြီးမင်းများ၏ သားမြေးများကိုပါ ဖိတ်ခေါ်ထားပါသည်။

ပထမအချက်အနေဖြင့် ဂုဏ်သရေရှိသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ၎င်းသည် ကျောင်းသားများအား အနာဂတ်တွင် အဆင့်မြင့်​သော လမ်းကို ဖောက်နိုင်မှာ ဖြစ်ပြီး ပိုမိုကောင်းမွန်သော အမိုးအကာကို ရှာဖွေနိုင်မည် ဖြစ်သည်။

တိုတိုပြောရရင် တွေ့ဆုံပွဲအတွက် ကျောင်းသားဟောင်းတွေရော ကျောင်းသားသစ်တွေရော ဤပွဲကို အရမ်းအလေးထားကြသည်။ လေ့ကျင့်ဖို့အပြင်ထွက်သွားပြီး အကယ်ဒမီ မတက်တဲ့ ကျောင်းသား တော်တော်များများကလည်း ဒီအချိန်မှာ ပြန်လာကြ၏။

အကယ်ဒမီက ကျောင်းသားတွေသာ ဒီလိုပွဲမျိုးမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီတဲ့အတွက် လုရွှမ်က မုယန်ဖုန်းကို မခေါ်လာဘဲ လျောက်ချင်း နဲ့အတူ လျှောက်ဝင်သွားခဲ့သည်။

ဟန်ရွှယ်၊ မင်းသမီး​လော့ရုံနဲ့ တခြားသူတွေကတော့ သူတို့နဲ့အတူ မလိုက်ပါခဲ့ကြချေ။

"အဲဒီလူသစ်က လုရွှမ်လို့ခေါ်တယ်!"

"သူလား? သိပ်ပြီး ဟုတ်ပုံမပေါ်ပါဘူး!"

"အဲဒီလူကို လျှော့မတွက်နဲ့... သူက တတိယအဆင့် စီနီယာပိုင်ရှောင် ကို သတ်လိုက်တယ်လို့ ကျွန်တော်ကြားတယ်"

"စီနီယာပိုင်ရှောင်းကို သတ်ခဲ့တာက မိန်းမတစ်ယောက်ရဲ့ စွမ်းအားကို အားကိုးနေလို့ပါကွာ... စီနီယာပိုင်ရှောင်ကို သူမရဲ့ စစ်မှန်တဲ့ စွမ်းအင်နဲ့ ပိတ်လှောင်ထားလို့ အဲ့ကောင်က ခေါင်းဖြတ်နိုင်လိုက်တဲ့ ပျော့ညံ့တဲ့ လူ သေးသေးလေးပဲ"

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now