Arc 3🗡116🗡ကောင်းကင်အထိ မြင့်ဈေး (ဒုတိယပိုင်း)

521 38 0
                                        

Chapter (116) Arc 3
ကောင်းကင်အထိ မြင့်ဈေး (ဒုတိယပိုင်း)

"ဝိညာဥ်ကျောက်တုံး တစ်သောင်းလား? နည်းနည်း ဈေးကြီးတယ်... ဒီမှာ အက်ကွဲရာ တစ်ခုရှိတယ် အဲဒါက အချိန်မရွေး ကွဲသွားမလိုပဲ... ဒါကြောင့် ဈေးသက်သာရင် ပိုကောင်းမယ်"

လုရွှမ်က ပါးစပ်ကိုဖွင့်ပြီး ပြောလိုက်သည်။

"အင်း.... ဒီလိုလုပ် ငါမင်းကို ဝိညာဥ်ကျောက်တုံး ၈၀၀၀နဲ့ ပေးလိုက်မယ် ဒီပစ္စည်းအတွက် ဒီဈေးက အပေါဆုံး ဖြစ်နေပြီ!"

ပစ္စည်းရောင်းတဲ့ လူငယ်က တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ!"

လုရွှမ်က ဝိညာဉ်ကျောက်တုံးကဒ်ကို ပေးလိုက်သည်။ မကြာခင်မှာပဲ ဝိညာဥ်ကျောက်တုံး ရှစ်ထောင် ကုန်သွားခဲ့၏။

ထိုလူငယ်သည် ခေတ္တမျှ တုံ့ဆိုင်းမနေဘဲ ပြတ်သားစွာ လုပ်နေသည်ကို မြင်လိုက်ရသဖြင့် ရှောင်းယွင့်ထျန်းသည် ကောင်​လေးကို မော့ကြည့်ကာ ရယ်မောနေခဲ့သည်။

ဒီကလေးရဲ့ နောက်ဆုံးအကြိမ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကို အတိအကျ မေးကြည့်ရင်တော့ သူက သေးငယ်တဲ့အရပ်က ယောက်ျားလေး တစ်ယောက်ပါပဲ။ ဝိညာဉ်ကျောက်တုံး တချို့ ရနိုင်ရင်တောင် ၈၀၀၀ က အကန့်အသတ် ဖြစ်နိုင်သည်။

တစ်ချိန်တည်းမှာ ဆုံးရှုံးရတာတွေ ဖြစ်လာရင် ခဏအကြာ ငိုမလား ရယ်မလား သိရတော့မည်။

ဒီအကြောင်းကို သူပိုတွေးလေလေ ပိုစိတ်လှုပ်ရှားလာ​လေပဲ။ ရှောင်းယွင့်ထျန်းကတော့ သူ့အလိုလို မီးလောင်လုမတတ် ဝမ်းသာသွားကာ လုရွှမ် နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေနဲ့ လုရွှမ်ကို အမြန်ဆွဲကိုင်လိုက်ပြီး

"အခုဝယ်ပြီးပြီ ဆို​တော့ အကဲဖြတ်လိုက်ရအောင်!"

အရင်ကတော့ လုရွှမ်က သူ့ကိုလူတိုင်းရှေ့မှာ အရှက်တကွဲ ဖြစ်စေခဲ့လို့ သူ့နှလုံးသားထဲမှာ မုန်းတီးမှုတွေနဲ့ ရူးသွပ်သွားခဲ့သည်။ အခုတော့ အကြောင်းတစ်ခုခုကြောင့် သူအရမ်းရိုးဖြောင့်ပြီး ချစ်ဖို့ကောင်းတယ်လို့ပင် ထင်လာ၏။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now