Arc 3🗡60🗡ကျွန်မမှာ အဖော်ရှိတယ် (ပထမပိုင်း)

683 58 0
                                        

Chapter (60) Arc 3
ကျွန်မမှာ အဖော်ရှိတယ် (ပထမပိုင်း)

ဒါပေါ့ ကိုယ်ကျိုးရှာတဲ့ မဟာမိတ် ခေါင်းဆောင်နှစ်ဦးဟာ သူတို့ကို ဒုက္ခပေးမှာကိုလည်း လုရွှမ်ဟာ စိတ်မ၀င်စားပါဘူး။

"သွားမယ်... သွားကြိုဆိုရအောင်!"

"ဒီတခေါက် မင်းသားချန်ရှင်းက ကိုယ်တိုင်လာတယ်လို့ ငါကြားတယ်!"

"မင်းသားချန်ရှင်းက ပေရွှီးအင်ပါယာရဲ့ ပထမဆုံး အမွေဆက်ခံသူအတွက် အပြိုင်အဆိုင်တွေထဲမှာ အလားအလာ အရှိဆုံးတဲ့ သူကအသက် ၂၃နှစ်ပဲ ရှိသေးပေမယ့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ပထမအဆင့်ကို ရောက်နေပြီ"

"ဒီလို အရည်အချင်းမျိုးက အနာဂတ်မှာ အထွတ်အထိပ် စွမ်းအားရှင် ဖြစ်လာမှာ မလွဲမသွေပဲ... အနာဂတ် ​ပေရွှီးအင်ပါယာရဲ့ ဘုရင်လည်း ဖြစ်ကောင်းဖြစ်လာလိမ့်မယ်!"

"ဒါဆို သူနဲ့တွေ့ဖို့ မင်းဘာလို့ အပြင်မထွက်တာလဲ? အနာဂတ် ဘုရင်လောင်း ဆိုရင်တောင် အခု ကြီးကျယ်ခမ်းနားတဲ့ စစ်ဗိုလ်ချုပ်ကြီး ဖြစ်လာနိုင်တယ်.... အနာဂတ်ကလည်း အကန့်အသတ် မရှိဘူး!"

လုံယိဖျင် နှင့် ကျန်းရှောက်ချန်တို့သည် ၎င်းတို့အား တွေ့ဆုံရန် ပြေးထွက်လာကြပြီး အခြားသူများလည်း အလောတကြီး ဖြစ်လာကြသည်။

ဂုဏ်သိက္ခာရှိသော မင်းသားသည် တွေ့ဆုံပွဲ အစည်းအဝေးသို့ လူကိုယ်တိုင်လာမည်ကို မထင်မှတ်ထားခဲ့ကြပေ။  ယနေ့မှာ ကောင်းမွန်စွာလုပ်ဆောင်ပါက သင်သည် တောက်ပသောအနာဂတ်ကို ပိုင်ဆိုင်နိုင်ပြီး နိုင်ငံတော်၏ အဓိကကျသူပင် ဖြစ်လာပေမည်။

ကျင့်​ကြံမှုတွင် လူတိုင်းသည် အလွန်ထက်မြက်သော အရည်အချင်းဖြင့် အထွတ်အထိပ်သို့ မရောက်ရှိနိုင်ပေ။ ထို့ထက်မကသော ကျင့်​ကြံသူများသည်ပင် မည်သည့်တိုးတက်မှုမှ မရှိဘဲ တရားဝင် အသက်မွေးဝမ်းကြောင်းကို ရွေးချယ်ခဲ့ကြရသည်။

အချိန်သိပ်မကြာလိုက်ဘဲ လူအနည်းငယ်က ခန်းမအပြင်ဘက်သို့ လျှောက်သွားကြစဥ် သူတို့အားလုံး ရှေ့တွင် အဖိုးတန် အဝတ်အစားများ ၀တ်ဆင်လာသည့် လူများ ပေါ်လာသည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now