Arc 3🗡97🗡​ခေတ်​ဟောင်းအကြီးအကဲ

454 36 0
                                    

Chapter (97) Arc 3
​ခေတ်​ဟောင်းအကြီးအကဲ

"ဒီတာဝန်စမ်းသပ်မှု တစ်လျှောက်မှာ အဖွဲ့ကို အကြီးအကဲဖန့်က ဦးဆောင်လိမ့်မယ်... လူတိုင်းရဲ့ ဘေးကင်း​ရေးအတွက် သားရဲခန်းမက မိန်းကလေးမော့ချုံ နဲ့ ဆေးဥယျာဥ်က မိန်းကလေးချန်စစ်ယန်ကို အထူးဖိတ်ကြားခဲ့တယ်... သူတို့နှစ်ယောက်က အတူလိုက်ပါလိမ့်မယ်!"

အကြီးအကဲယန်ရွှီး သူ့လက်ကို ဝှေ့ယမ်းလိုက်သော် တာခန်းမထဲကို လှပတဲ့ ရုပ်လွှာနှစ်ခု ဝင်ရောက်လာ၏။ တစ်ယောက်က မော့ချုံဖြစ်ကာ နောက်တစ်ယောက်က ဆေးဝါးသခင်မချန် ဘေးက အကူမိန်းကလေး ဖြစ်ကြောင်း လုရွှမ် မှတ်မိလိုက်သည်။

ရှန့်ခုနိးချိုင့်ဝှမ်းတွင် ဆေးဥယျာဥ်က လူမျယး မလိုအပ်သော်လည်း အဆိပ်ရှိသော အပင်များ အများအပြား ရှိနေပါ၏။ ဤသို့သော ပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်လိုပါက သားရဲလေ့ကျင့်ရေး ဆရာများနှင့် ဆေးဝါးပညာရှင်များသည် မရှိမဖြစ် လိုအပ်​လေသည်။

"မိန်းကလေးမော့ချုံကို ငါသိတယ်။ ငါသူ့ကို သားရဲခန်းမမှာ တွေ့ဖူးတယ်... သူမက ယုတ္တိကင်းမဲ့တဲ့ အလှလေးပဲကွ... ဆေးဥယျာဉ်ထဲက အလှမယ် ချန်စစ်ယန်ကလည်း မဆိုးဘူးလို့ ထင်ပါတယ်"

"အထူးသဖြင့် အရမ်းလှတဲ့ ဆေးဝါးသခင်မချန်လိုမျိုး ဆေးဥယျာဉ်မှာ အလှ​လေးတွေနဲ့ ပြည့်နေတယ်လို့ ကြားမိသားကွ!"

"အလှတရားက ဘာအသုံးဝင်မှာလဲ? အသက်ကြီးနေပြီ။ ငါကတော့ အဲဒီချန်စစ်ယန်ကို ပိုသဘောကျတယ် သူမက နုပျိုပြီး လှတယ်။ အဲဒီမျက်လုံးတွေကို နွေးထွေးတဲ့အလင်းရောင်နဲ့ ကြည့်နေသလိုပဲ.... လမ်းတစ်လျှောက်မှာ သူမနဲ့သာတစ်ခုခု ဖြစ်သွားခဲ့ရင် သေသွားရင်တောင် တန်တယ်!"

"တစ်ခုခု ဖြစ်သွားရင်?? မင်းကလား?? ဟိုကဖြင့် မင်းကို လှည့်တောင်ကြည့်မှာ မဟုတ်ဘူး!"

အလှမယ် နှစ်ယောက် အတူတူ လမ်းလျှောက်လာနေတာကို မြင်တော့ လူတော်တော် များများက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။

မိန်းကလေးမော့ချုံသည် သားရဲခန်းမတွင် လူသိများသော အလှ​လေး ဖြစ်သည်။ သားရဲခန်းမသို့ ရောက်ဖူးသူ အများအပြားက ၎င်းကို သိလုနီးပါးပင် ဖြစ်သည်။ ဤချန်စစ်ယန်ကို ဆေးဥယျာဉ်မှ လူအဖြစ် ပထမဆုံးအကြိမ် မြင်တွေ့ရသော်လည်း သူမသည် ယောက်ျားလေး ကျောင်းသားတွေ၏ အားပေးမှုကို ရရှိထားသည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Donde viven las historias. Descúbrelo ahora