Arc 2🗡72🗡နောက်ဆုံးဝှက်ဖဲ

608 46 0
                                        

Chapter (72) Arc 2
နောက်ဆုံးဝှက်ဖဲ

ဖူး!

လုရွှမ်သည် ထရန်ရုန်းကန် လိုက်တဲအခါ သွေးများ ထွက်ကျလာပြန်သည်။

ပြိုင်ဘက်က လက်ဖဝါး တစ်ဖက်တည်းကိုသာ အသုံးပြုသော်လည်း ခွန်အား ၅၀၀၀၀ ကျော်၏ ခွန်အားသည် ပြင်းထန်လွန်းလှသည်။ သူ လုံးဝ သည်းမခံနိုင်တော့ဘဲ သူ၏ အတွင်းအင်္ဂါများနှင့် ခန္ဓာကိုယ်များ အလွန်ပျက်စီးသွားပြီး အသက်ရှုချိန်ကလည်း အားနည်းလာသည်။

"လုရွှမ်"

သူမလက်ထဲက ကောင်လေးကို ကြည့်လိုက်ရင်း ဟန်ရွှယ်သည် အကြောင်း တစ်ခုခုကြောင့် ကြောက်စိတ်လျော့သွားသလို "အတူတူသေရတာ ကောင်းပါတယ်"ဟု တွေးမိလာ၏။

"ဟန်ရွှယ် မင်းမသေနိုင်ပါဘူး!"

လုရွှမ်သည် အသက်ရှုမဝသလို အသံသေးသေးလေးဖြင့် ကမန်းကတန်း ပြောလာသည်။

"ငါ ငယ်ငယ်ရွယ်ရွယ်နဲ့ လူသားနဲ့ဓား ပေါင်းစည်းမှုနယ်ပယ်ကို ဘာလို့ရောက်နိုင်လဲ ဆိုတာ မင်းသိလား? အဲဒါ ဓားသူ​တော်စင် တစ်ယောက်ရဲ့ လျှို့ဝှက်ကျမ်း စာအုပ်တစ်အုပ် ငါ့မှာရှိနေလို့ပဲ... လျှို့ဝှက်စာအုပ်ကို သင်ယူဖို့ အသက်ရှင်လျက် အပြင်ထွက်ပြီး မင်းရဲ့ဓားပညာကို အပြည့်အဝ ထမ်းဆောင်ရမယ်"

"ဓားသူတော်စင် တစ်ယောက်ရဲ့ လျှိုဝှက်ကျမ်းစာအုပ်?"

ဟန်ရွှယ် အံ့အားသင့် သွားသော်လည်း နောက်ထပ် မေးခွန်းများမေးရန် အချိန်မရသေးမီတွင် သူမနားထဲတွင် လေတိုက်သံ ကြားလိုက်ရပြီး သခင်နှစ်ယောက်ဖြစ်သည့် ချင်ကန်နှင့် ချင်ရွှမ်းတို့သည် အထိတ်တလန့် အမူအရာများဖြင့် သူမတို့ထံ ရောက်လာကြသည်။

သူ့အသံက အားနည်းနေပေမယ့် သူတို့နှစ်ယောက်ဟာ ခွန်အားပြည့်ပြီး အစွမ်းထက်တဲ့ သခင်တွေ ဖြစ်ကြတဲ့အတွက် သူတို့မှာ အံ့သြစရာကောင်းတဲ့ နားတွေရှိပြီး လုရွှမ်ပြောတာတွေကို ရှင်းရှင်းလင်းလင်း ကြားနိုင်ကြ၏။

"ငါ့ကို မြန်မြန်ပြောစမ်း! ဘာသူတော်စင် လျှိုဝှက်ကျမ်းလဲ? ဘယ်မှာလဲ"

ချင်ရွှမ်းသည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်းဖြင့် ရောက်လာပြီး သူ့ရှေ့မှ လူငယ်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now