Arc 3🗡14🗡အလောင်းအစား

632 52 0
                                        

Chapter (14) Arc 3
အလောင်းအစား


"အိုး.. ကျုပ်အဲဒါကို မထုတ်နိုင်တာ ခင်ဗျားသေချာရဲ့လား?"

လုရွှမ်သည် မျက်ခုံးများကို ပင့်လိုက်ပြီး တစ်ဖက်ကို ကြည့်လိုက်သည်။

"မင်းသာ ထုတ်နိုင်ရင် ငါနဲ့ စကားအများကြီးပြောဖို့ လိုလို့လား?

သက်လတ်ပိုင်း အမျိုးသားက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါဆို ကျုပ်တို့ဘာလို့ အလောင်းအစား မလုပ်တာလဲ!"

လုရွှမ်က ဖြည်းညှင်းစွာ ကြည့်လိုက်သည်။

"လောင်းကစား? ဟုတ်ပြီလေ!" သက်လတ်ပိုင်း အမျိုးသားက ခေါင်းညိတ်ပြီး

"မင်း ဘာကို အလောင်းကစား လုပ်ချင်လဲ"

"ကြီးကြီးမားမား မတတ်နိုင်တော့မှာကို ကြောက်ရတယ် ကျုပ်ငွေပမာဏကို ထုတ်နိုင်ရင် ခင်ဗျားအမှားကို ဒူးထောက်ပြီး ဝန်ခံလိုက်!"

လုရွှမ်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။

ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ သူ့ကိုယ်ပိုင်လုပ်ငန်းကို ဝင်နှောင့်ယှက်တာကိုတော့ ခွင့်မပြုနိုင်ဘူး။ ထုံးစံအတိုင်း သူ့စိတ်ကို အနှောင့်အယှက် ပေးသူတွေကို သနားညှာတာပြမှာ မဟုတ်ဘူး။

"ကောင်းပြီ မင်းမထုတ်နိုင်ရင် နာခံစွာနဲ့ ဒူးထောက်လိုက်!"

လူလတ်ပိုင်းအရွယ်က သူ့နှုတ်ခမ်းကို တွန့်ပြီး ရယ်မောလိုက်သည်။

"သခင်လေး"

တစ်ဖက်လူက သခင်လေးအား ယခုလို လောင်းကြေးထပ်လာရန် မမျှော်လင့်ထားတဲ့ မုယန်ဖုန်းသည် အလွန်စိုးရိမ်သွားခဲ့သည်။

သူ့မှာ ငွေရှိမရှိ သူ ကောင်းကောင်းသိတယ်လေ။ သန်း၆၀ မပြောနဲ့ ၆သန်းတောင် ပြည့်ပါတော့မလားမသိ။ အလောင်းအစားလုပ်ရင် ရှုံးမှာသေချာပါသည်။

"သူဌေး!"

တစ်ဖက်မှ မာနကြီး​​နေသော သက်လတ်ပိုင်း အမျိုးသားနှင့် မုယန်ဖုန်း၏ စိုးရိမ်ပူပန်မှုကို လျစ်လျူရှုကာ လုရွှမ်သည် မလှမ်းမကမ်းမှ သူဌေးကို လှည့်ကြည့်ကာ

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now