Arc 2 🗡69🗡လိုက်ဖမ်းနေပြီ

599 42 0
                                        

Chapter (69) Arc 2
လိုက်ဖမ်းနေပြီ

"စိတ်မပူပါနဲ့....ငါတို့ ကျွန်းပေါ်မှာ ရှိနေမှန်း မသိဘူး....သူတို့က ဒီနေရာ အကျယ်ကြီးမှာပဲ လိုက်ရှာနေတာ....ငါတို့သတိထားနေသရွေ့ သူတို့ ရှာလို့ မတွေ့နိုင်ဘူး"

ကောင်မလေး၏ ကြောက်ရွံ့သော အကြည့်ကို မြင်လိုက်ရတော့ လုရွှမ် ပြုံးပြီး နှစ်သိမ့်ပေးလိုက်သည်။

အကယ်၍ ထိုသူများသည် အနီးဝန်းကျင်ကိုသာ ရှာဖွေနေပါက မြေပြင်အက်ကြောင်းထဲမှာ ဘေးကင်းသည်ဟု ယူဆရပြီး ၎င်းတို့ကို ရှာမတွေ့နိုင်ပေ။ သေသေချာချာ အသေးစိတ်ရှာဖွေမည် ဆိုပါက ပြောလို့ကောင်းမည် မဟုတ်တော့ချေ။

နောက်ဆုံးအကြိမ် ရွှံ့ထဲမှာ ပုန်းအောင်းရတာ ကံကောင်းပေမယ့် ဒီတစ်ကြိမ်မှာတော့ ဤနတ်ဘုရားမက ဆက်မလိုက်နိုင်မှာ စိုးရိမ်ရသည်။

ချင်ကန်နှင့် ချင်ရွှမ်း ကျွန်း​ပေါ်သို့ ရောက်သောအခါ ဂရုတစိုက် ရှာဖွေကြသည်။

"သူတို့က အတုတံဆိပ်နယ်ပယ်မှာပဲ ရှိသေးတယ်... ရေထဲမှာ ခဏနေနိုင်ရင်တောင် အသက်ရှုဖို့ နာရီအနည်းငယ် အကြာမှာ ထွက်လာမှာ သေချာတယ်။ အပြန်လမ်းကို ငါတို့က ပိတ်ဆို့ထားတယ် ဆိုတော့ သူတို့ပုန်းလို့ရတဲ့ တစ်ခုတည်းသောနေရာက ဒီကျွန်းငယ်လေးတွေပဲ အဲဒါတွေကို သေသေချာချာ ရှာကြည့်ရင် တစ်ခုခုတော့ တွေ့နိုင်မှာပဲ!"

ချင်ရွှမ်းက ဟစ်အော်လိုက်သည်။

တစ်ညလုံး ရေထဲတွင် ရှာဖွေပြီးနောက် ၎င်းတို့နှစ်ဦးသည် ကမ္ဘာမှ အငွေ့ပျံသွားပုံ ရသည်အထိ မတွေ့ရှိခဲ့ကြသဖြင့် နယ်ပယ်ကို ချဲ့ထွင်ကာ ရေကန်အလယ်ရှိ ကျွန်းငယ်လေးဆီသို့ ရောက်လာခဲ့ကြသည်။

"ဟမ့်... အဲဒီကလေးတွေ ငါတို့ကို တစ်ညလုံး ရေထဲမှာ စိမ်ခိုင်းတယ်....တွေ့လို့ကတော့ အမှုန့်ကိုချေပစ်မယ်!"

ချင်ကန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကြီးကျယ်ခမ်းနားပြီး အစွမ်းထက်တဲ့ သခင်နှစ်ယောက်က အတုတံဆိပ်နယ်ပယ်က လူနှစ်ယောက်ကို လိုက်ရှာပြီး သတ်ပစ်ဖို့ လက်တွဲလိုက်ကြပေမယ့် ၎င်းတို့မှာ ထွက်ပြေးလွတ်မြောက် သွားကြလေ၏။ သတင်းသာပြန့်သွားရင် သူတို့ကို သေလောက်အောင် ရယ်ကြလိမ့်မည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now