Arc 2🗡92🗡ဖီးနစ်အမွေးကိုလက်ဝယ်ရခြင်း (ဒုတိယပိုင်း)

520 42 0
                                    

Chapter (92) Arc 2
ဖီးနစ်အမွှေးကိုလက်ဝယ်ရခြင်း (ဒုတိယပိုင်း)

"အဲဒါ ဖီးနစ်အမွေးပဲ!"

သူ ထိတ်လန့်သွားသလိုပဲ ကျီးကန်းရဲ့ အသံက သူ့စိတ်ထဲမှာ ပေါ်လာသည်။

"သေချာတယ်!"

တစ်ဖက်လူရဲ့ အတည်ပြုချက်ကို ကြားတော့ လုရွှမ်က ခေါင်းညိတ်ပြီး

"ဘယ်လိုသန့်စင်ရမလဲ?"

"ဖီးနစ်အမွေးက မီးတောက် ဂုဏ်သတ္တိရှိပြီး သေခြင်းက ပြန်လည်မွေးဖွား လာနိုင်ပေမယ့် ယွမ်ယန်ကျင့်စဥ်က ဘယ်ဒြပ်စင်ရဲ့ စစ်မှန်တဲ့ ဝိညာဥ်ချီကိုမဆို အတုယူနိုင်တယ်... ဆိုတော့ မင်းချဥ်းကပ်သွားနိုင်ဖို့ နည်းလမ်းရှာနိုင်ရင် သူ့ကို သန့်စင်နိုင်ပြီ"

ကျီးကန်းက ရှင်းပြလေသည်။

ယိပေါင်ဟုခေါ်သော ကောင်းကင်နဲ့ မြေကြီးရဲ့စွမ်းအင်က မွေးဖွားလာသော ရတနာများသည် ဝိညာဥ်ချီကျင့်စဥ် မကိုက်ညီပါက သန့်စင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဝူယန် တော်ဝင်မိသားစုမှ ဤရတနာအား တံဆိပ်ခတ်ထားသော်လည်း သန့်စင်နိုင်ခြင်း မရှိခဲ့ပေ။

"ဘယ်လို ချဥ်းကပ်သွားရမလဲ?"

ပြဿနာက သူတို့ရှေ့ကို ရောက်နေပြီ။

သူ့ရှေ့က မီးတောင်ဝဟာ မီတာဆယ်ဂဏန်းလောက် ကျယ်​လေသည်။ ဖီးနစ်အမွေးက မီးတောင်ဝရဲ့ အထက်မှာ တိုက်ရိုက် ရပ်တန့်နေ၏။ ခုန်ချပြီး ရှေ့ကိုရောက်လာနိုင်ပေမယ့် နောက်အခိုက်အတန့်မှာ တစ်ခါတည်း ပြာကျသွားလိမ့်မည်။

လုရွှမ်၏ ဆင်သံချပ်ရွှေကိုယ်ထည်သည် ခွန်အားတစ်ခုအထိ ​လေ့ကျင့်ထားသော်လည်း အဆ ထောင်ပေါင်းများစွာ ပူပြင်းသော ချော်ရည်ဒဏ်ကို မခံနိုင်သေးပေ။

ပြုတ်ကျသွားရင် သေချာပေါက် သေလိမ့်မည်။

ချော်ရည်ကို ဖြတ်ပြီး တံတားဆောက်ဖို့ ပစ္စည်းတွေ အများကြီးနဲ့ မရေမတွက်နိုင်တဲ့ အချိန်နာရီတွေ လိုအပ်ပြီး ဆူညံသံတွေက အရမ်းထွက်လာလိမ့်မည်။ သူ့မှာ လောလောဆယ် အဲဒီစွမ်းရည် မရှိဘူး။

"ပျံနိုင်ရင် ကောင်းမယ်"

ပျံသန်းနိုင်ရင် အဲဒီကို လွယ်လွယ်ကူကူနဲ့ ကူးသွားနိုင်ပြီ။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Tahanan ng mga kuwento. Tumuklas ngayon