Chapter (66) Arc 3
လုံယိဖျင် လှုပ်ရှားပြီကျန်းရှောက်ချန်ကို အပြင်ခန်းက လူတိုင်းသည် အလွန်ရက်စက်သော လူဟု မှတ်ယူထားသည်။
အပြင်ခန်းတွင် နံပါတ်တစ် အနေဖြင့် လုံယိဖျင်သည် ကျန်းရှောက်ချန်၏ ခြိမ်းခြောက်မှုကို ခံခဲ့ရပြီး နောက်ကွယ်ကလူကို ကြောက်သောကြောင့် ပြန်လည်ချေပဝံ့ခြင်း မရှိခဲ့ပေ။ ယခု လုရွှမ်သည် သူ့ကိုလျစ်လျူရှုပြီး ထိုသူ၏ညီကို တိုက်ရိုက်သတ်ပစ်ခဲ့သည်။
လူတိုင်း တုန်လှုပ်သွားကြပြီး ကြောက်ရွံ့သွားကာ ဘာလုပ်ရမှန်း မသိတော့ပေ။
"မင်းခေါင်းဆောင်ကို သတ်လိုက်တာလား?"
"ခေါင်းဆောင်သေပြီလား?"
ယခင်က အလွန်မောက်မာခဲ့သော ချန်အဖွဲ့ထဲကအဖွဲ့ဝင်များသည် သူတို့မိဘများ သေဆုံးသွားသကဲ့သို့ တုန်လှုပ်သွားကြသည်။ သူတို့မျက်လုံးထဲမှာတော့ သူ့ရှေ့က လုရွှမ်ဟာ ကြောက်စရာကောင်းတဲ့ လူသတ်သမား ဖြစ်နေပါပြီ။
အကယ်ဒမီကို ရောက်တာနဲ့ အပြင်ခန်းထဲက တတိယအဆင့်နဲ့ ဒုတိယအဆင့်တွေကို သတ်ပစ်လိုက်ပြီလေ။
"မင်းကလည်း ငါ့ကို ဒုက္ခပေးပြီး သတ်ချင်နေတာမလား?"
ကျန်းရှောက်ချန်၏ အလောင်းကို မြေပြင်ပေါ်တွင် ပစ်ချလိုက်ပြီး လုရွှမ်သည် အရေးမပါသော ပိုးကောင်ကို ချေမှုန်းလိုက်သကဲ့သို့ လက်တစ်ဖက်ကို ခါရင်း လုံယိဖျင်ကို လှည့်ကြည့်လိုက်သည်။
အခုလေးတင် ဒီကောင်က မင်းသားချန်ရှင်းရဲ့ နောက်ကို အနီးကပ် လိုက်သွားခဲ့တဲ့ နောက်လိုက်ခွေး တစ်ကောင်ဖြစ်ပြီး အခုတော့ သူ စိတ်အားထက်သန်စွာ ပြန်လာခဲ့သည်။ လုရွှမ်သာ သူ့ရည်ရွယ်ချက်ကို မမြင်နိုင်ခဲ့ရင် သူတကယ်ကို ငတုံးတစ်ယောက်သာ ဖြစ်လိမ့်မည်။
"မင်း ကျန်းရှောက်ချန်ကို သတ်နိုင်ပေမယ့် သူသတိမထားမိချိန်မှာ ခိုးဝင်တိုက်ခိုက်တာပဲလေ... ဂုဏ်ယူစရာ မရှိပါဘူး.... စိတ်မပူပါနဲ့ ဒီနေ့ မင်းနဲ့ ပြိုင်ငြင်းမှာမဟုတ်ဘူး ထုံးစံအတိုင်း တစ်ယောက်ယောက်က မင်းကို သင်ခန်းစာ ပေးဖို့ ရောက်လာလိမ့်မယ်!"

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ