Arc 3🗡95🗡မဟာမိတ်တချို့ (တတိယပိုင်း)

546 39 0
                                        

Chapter (95) Arc 3
မဟာမိတ်တချို့ (တတိယပိုင်း)

"သူ ဒီကိစ္စကို မပြီးမြောက်နို​င်​မှာ​ ကြောက်​ရတယ်? ဘာကိုဆိုလိုတာလဲ??"

မင်းသား ချန်ရှင်း ခဏလောက် ထိတ်လန့်သွားပြီး သူနားလည်လိုက်သည်။

"သားရဲခန်းမနဲ့ ဆေးဥယျာဉ်ထဲက လူတွေက လုရွှမ်ကို ကာကွယ်ဖို့ ချိုင့်ဝှမ်းထဲကို သူနဲ့အတူ လိုက်ပို့ပေးမှာကို စစ်သေနာပတိက စိုးရိမ်နေတာလား?"

"ဟုတ်တယ်!" စစ်သေနာပတိ ဟူရှောက်က ခေါင်းညိတ်လိုက်သည်။

"ဒီလိုဖြစ်ရင် ဒုက္ခများလိမ့်မယ်!"

မင်းသားချန်ရှင်းလည်း မျက်မှောင်ကြုတ်လိုက်သည်။

ကောင်းရှန် ပြောတာသာ အမှန်ဆိုရင် အဲဒီလုရွှမ်မှာ သားရဲတွေကို ထိန်းကျောင်းနိုင်တဲ့ အစွမ်းထက်တဲ့ အရည်အချင်းရှိပြီး သူ့ကို ကာကွယ်ဖို့ တစ်ယောက်ယောက်ကို သားရဲခန်းမက စေလွှတ်တာက ပုံမှန်ပင်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇သည် အစွမ်းထက်သော်လည်း သားရဲခန်းမနှင့် ယှဥ်လျှင် အတော် အလှမ်းဝေးနေသေးသည်။

"ဒါဆို ကျုပ်တို့ဘာလုပ်ရမလဲ? စစ်သေနာပတိမှာ အစီအစဉ်ကောင်း ရှိလား"

မင်းသားချန်ရှင်း တွေးရင်း ခေါင်းမထောင်နိုင်ဘဲ အနည်းငယ် စိတ်ပျက်လာသည်။

"နည်းလမ်းကောင်း မရှိပါဘူး.... မင်းသားလေးအနားမှာ သစ္စာရှိပြီး အကာအကွယ်ပေးတဲ့ ဆရာတစ်ယောက် ရှိနေတယ်လို့ ကျုပ်ကြားပါတယ်... သူ့ရဲ့ခွန်အားက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ရောက်နေပြီဆို...  သူ့ကိုကူညီဖို့ တောင်းဆိုနိုင်မလားလို့ပါ... သူသာ ယန့်ဖုံးနဲ့ ပူးပေါင်းရင် ခန်းမသခင်ဖုန်း ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ သူတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

ဟူရှောက်က ဆို၏။

"ကျုပ်ဆရာအကြောင်း ခင်ဗျား ဘယ်လိုသိလဲ?"

စစ်သေနာပတိ ဟူရှောက်ရဲ့ စကားကိုကြားတော့ မင်းသား ချန်ရှင်း၏ မျက်ခုံးများက တွန့်ချိုးသွားတော့သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now