Arc 2🗡83🗡လေလံပွဲစတင်ခြင်း (ပထမပိုင်း)

672 51 0
                                        

Chapter (83) Arc 2
လေလံပွဲစတင်ခြင်း (ပထမပိုင်း)

"ကြားလိုက်ကြလား? လုရွှမ်လို့ခေါ်တဲ့ လူငယ်တစ်ယောက်က ချင်မိသားစုကို ဖျက်ဆီးဖို့ လူတွေကို ဦးဆောင်ခဲ့တယ်တဲ့"

"ချင်မိသားစုရဲ့ ဘိုးဘေးက အဓိပတိနယ်ပယ်က စွမ်းအားရှင်တောင် မခုခံနိုင်လောက်အောင် အစွမ်းထက်တယ်...သူ့ကိုတောင် သတ်နိုင်တယ်တဲ့လား!"

"နောင်မှာ စိတ်အနှောင့်အယှက် မဖြစ်စေရမယ့် လူတွေထဲမှာ နောက်ထပ်တစ်ယောက် ထပ်ထည့်ထားရတော့မယ်.... သူ့ကို ဝူယန်အင်ပါယာရဲ့ တော်ဝင်မိသားစုကတောင် စော်ကားရဲမှာ မဟုတ်တော့ဘူး"

"မှန်တယ်.... သူ့ကို ခိုးဝင် တိုက်ခိုက်တာကလည်း ချင်မိသားစုက လူတွေပဲတဲ့... လုရွှမ်က ဒေါသထွက်ပြီး သူ့ကို ဖျက်ဆီးဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်တယ်လို့ ကျုပ်ကြားမိတယ်"

ချင်မိသားစုသည် ဝူယန်အင်ပါယာကို စိုးမိုးခဲ့ပြီး ယခုအချိန်တွင် ဖျက်ဆီးခံရသောအခါ လုရွှမ်အမည်ရှိ ဤလူငယ်အကြောင်းကို လူတိုင်း သိသွားကြသည်။

တစ်ရက်မပြည့်ခင်မှာပဲ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီး လာခဲ့တော့သည်။

သို့သော်လည်း ဤသတင်းသည် ပထမနှစ်ရက်တွင် ချဲ့ကားပြီး နောက်သတင်း တစ်ခုက တဖြည်းဖြည်း အစားထိုးခဲ့သည်။

အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ ကျင်းပသော အကြီးစား လေလံပွဲတွင် အဓိပတိအဂ္ဂိရတ်ဆေးကို လေလံတင်မည့် အကြောင်းပဲ ဖြစ်သည်။

"အဓိပတိအဂ္ဂိရတ်ဆေး ဆိုတာ ဘာလဲ"

"ဂိုဏ်းဆရာနယ်ပယ်က ပြီးပြည့်စုံပြီး သန်မာတဲ့ လူတစ်ယောက်ကို အဆင့်တိုးဖို့ အခွင့်အလမ်း 20% တိုး​မြှင့်​ပေး​နိုင်တယ် လို့တော့ ကြားခဲ့တယ်!"

"ဒီကမ္ဘာမှာ ဒီလို ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ဆေးလုံးလည်း ရှိတယ်လား"

"ဟုတ်​တယ်​ ငါရနိုင်​ရင်​ အဓိပတိနယ်ပယ်ကို ရောက်ပြီး တစ်​ရှိန်​ထိုး အကြီးကျယ်​ဆုံး သခင် ဖြစ်​လာနိုင်​တယ်​!"

"ဒီလိုအခွင့်အရေးမျိုးကို ရှိသမျှ ကံဇာတာတွေ ဆုံးရှုံးသွားရင်တောင်မှ လက်လွတ်မခံသင့်ဘူး"

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now