Arc 3🗡25🗡 ကျောင်းရွှမ်

681 59 0
                                        

Chapter (25) Arc 3
ကျောင်းရွှမ်

"ကြည့်လို့ကောင်းတဲ့ ကစားပွဲလေးတော့ လာပြီ"

"ဒီလို ရူးသွပ်​နေတဲ့ လူသစ်က သေချာပေါက် ဒုက္ခရောက်လိမ့်မယ်!"

"ဒါက ထိုက်တန်ပါတယ်... သူ့ကိုဘယ်သူက ဒီလောက် ​ကြမ်းကြမ်းတမ်းတမ်း ပြုမူခိုင်းလို့လဲ? အမည်စာရင်းသွင်းဖို့ နောက်ကျနေတာ မပြောနဲ့သူရောက်လာတာနဲ့ ဒီမှာပဲ ချက်ချင်း နေရတာပဲ... ဒါဟာ ရိုးရိုးရှင်းရှင်း အမုန်းတရားတွေ ဖြန့်နေတာပဲ!"

"စီနီယာဟွမ်ချောင်က သူ့ကို ဘာလုပ်မယ်လို့ မင်းထင်လဲ?"

"ပြောစရာတောင် မလိုဘူး... စီနီယာဟွမ်ချောင်က ရက်စက်တဲ့ လူတစ်ယောက် အနေနဲ့ ငါတို့ရဲ့အပြင်ခန်းမှာ နာမည်ကြီးတယ်လေ သူ့အငယ်တွေကို စော်ကားရင် မင်းသေတဲ့အထိ အရိုက်ခံရမှာကို ကြောက်ရတယ်ကွ!"

"ခြေတွေလက်တွေ အချိုးခံရရင် အကြီးအကဲက ဂရုစိုက်ပါ့မလား?"

"ငါတို့ ယင်းယန်အကယ်ဒမီက ခွန်အားကို အဓိကထားတယ်.. ခွန်အားမရှိတဲ့ ကျောင်းသားတစ်ယောက် အသတ်ခံရရင် အကြီးအကဲတွေလည်း ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူး"

"အင်း ဒီကလေးတော့ ကံဆိုးနေပုံပဲ"

လုရွှမ်နဲ့ မုယန်ဖုန်းကို ပိတ်ဆို့ထားတဲ့ လူငယ်ကို မြင်လိုက်ရတော့ ရင်ခုန်စိတ်လှုပ်ရှား ရ​တော့မယ်ဆိုတာ လူတိုင်းသိလိုက်သည်။

ဟွမ်ချောင်သည် ပြင်ပခန်း၌ အဆင့် ၁၀ သာရှိသော်လည်း သူ၏ ခွန်အားကို လျှော့မတွက်သင့်ပေ။ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် သူ့ကို စော်ကားသူများကို လက်စားချေတတ်၏။ လူတိုင်း၏အမြင်တွင် ဤလူငယ်သည် သေလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

"ဘာလဲ? မင်းကငါ့ကို တကယ် လှုပ်ရှားစေချင်တာလား?"

ဗုန်း!

ဆွေးနွေးမှုကြားတွင် ဓားကိုင်ထားတဲ့ လူငယ်က သူ့တစ်ကိုယ်လုံးကို လှုပ်ခါလိုက်ကာ မခံမရပ်နိုင်သော ရောင်ဝါများ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့လက်ထဲက ဓားရှည်နဲ့ ပေါင်းစပ်ထားတဲ့ အဓိပတိနယ်ပယ်ရဲ့ ရောင်ဝါက လူတွေကို တောင့်မခံထားနိုင်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်၏။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now