Chapter (38) Arc 3
သားရဲဘာသာစကား"ဟုတ်တယ်... မင်း ခန်းမသခင်ဖုန်းကို လျှော့တွက်နေတာပဲ! သူက တခြားသူတွေအတွက် ဝိညာဥ်သားရဲတစ်ကောင်ကို ပေးနိုင်ရင် အဲဒါက ကောင်းကင်လို မြင့်တဲ့ဈေးပဲ။ စိတ်မပူပါနဲ့... ပေရွှီးမြို့မှာရှိတဲ့ စည်းစိမ်ဥစ္စာရဲ့ သခင်အကြောင်း ပြောရရင် သူက ထိပ်တန်းမှာ သေချာပေါက် ရပ်တည်လိမ့်မယ်!"
"ခန်းမသခင်ဖုန်းက အခု ပိုက်ဆံတွေ ရှိပါတယ်... မင်းရဲ့နည်းလမ်းကို မြန်မြန်ပြောလိုက်... သူ့အတွက် ပြဿနာမရှိနိုင်ဘူး!"
နှစ်ယောက်သားရဲ့ စကားဝိုင်းကို ကြားတော့ တခြားလူတွေ အားလုံးက ရယ်မောလိုက်ကြသည်။
ဆင်းရဲသားတစ်ဦးသည် လုပ်ငန်းနယ်ပယ်တွင် ရပ်တည်ရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် ခန်းမသခင်ပင်။ သားရဲခန်းမ၏ ခန်းမသခင်အနေဖြင့် နေ့စဉ်နှင့်အမျှ ဝင်ငွေများ အဆုံးမရှိ စီးဆင်းလျက်ရှိပြီး သူ၏ ချမ်းသာကြွယ်ဝမှုသည် အလွန်မြင့်မားသောကြောင့် ပေရွှီးမြို့ တစ်ခုလုံးတွင် ပထမအဆင့်အဖြစ် ရပ်တည်နိုင်ဖွယ် ရှိသည်။
ဒီလိုလူစားမျိုးက ပိုက်ဆံနည်းနည်းလောက်ကို ဂရုစိုက်ပါ့မလား။
"ဒါဆိုလည်း ကောင်းပြီ!"
သူပြောတာကို ကြားရသော် လုရွှမ်လည်း သူ့ကို ဖျောင်းဖျဖို့ မကြိုးစားတော့ဘဲ အနည်းငယ် ပြုံးလိုက်သည်။ စုတ်တံနဲ့ စာရွက်ယူခိုင်းပြီး ခဏအကြာတွင် စာရင်းတစ်ခုကို ချရေးလိုက်သည်။
"ဒီသားရဲကို ထိန်းဖို့ အဆင့် သုံးဆင့်လောက်လိုတယ် အဆင့်တစ်ခုစီက ဆယ်ရက်လောက် ကြာနိုင်တယ်။ ဒါက ပထမအဆင့် အတွက်.. ခင်ဗျား ပြင်ဆင်ထားလိုက်ပါ"
"ဒါတွေပဲလား? စျေးကြီးပေမယ့် ငါ တတ်နိုင်ပါတယ်!"
စာရင်းယူပြီးနောက် ခန်းမသခင်ဖုန်းက တစ်ချက်ကြည့်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။
ဆေးလုံး၊ တိရိစ္ဆာန်သွေး၊ အထူးသတ္တုရိုင်းများနှင့် ရှားပါးမြေများ အပါအဝင် အချို့သော အရာများကို စာရင်းတွင် ရေးထားပြီး ၎င်းတို့အားလုံးသည် အလွန်တန်ဖိုးရှိသည်။

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ