Chapter (20) Arc 3
အပြင်မှာစောင့်ခြင်းပုံမှန်အားဖြင့် စုဆောင်းရေး အကြီးအကဲ တစ်ဦးသည် ဒေသတစ်ခုနှင့်တစ်ခု ဆက်စပ်နေပါသည်။ မာနကြီးသော ကလေးအား အကြီးအကဲ ဟူယွင်မှ ခေါ်ယူခဲ့ခြင်းမှာ လျှို့ဝှက်ချက် မဟုတ်ပေ။ သေသေချာချာ မေးနေသမျှ သင်သိလိမ့်မည်။
မင်းသမီး လော့ရုံ နှင့် လင်ရှောင်းရှောင်းတို့သည်လည်း ထိုကဲ့သို့ တွေးထင်ခဲ့ကြသည်။ အကြီးအကဲ ဖြစ်သူ၏ ခေါ်ယူခြင်းခံရသည့်အတွက် ကောင်းစွာသိထားသော မိန်းကလေးသည် အံ့သြသွားသဖြင့် မေးကြည့်လိုက်သည်။
"သူ့ကိုလည်း အကြီးအကဲဟူယွင်က ခေါ်ယူခဲ့တာလား? ဧကန္တ...."
မူလက ပြုံးနေကြသော မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်း တို့သည် ရုတ်တရက် အေးခဲသွားကာ မူးမေ့လဲလုနီးပါး ဖြစ်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
"လုရွှမ်လို့ ခေါ်ပုံရတယ်" မိန်းကလေးက ပြောသည်။
"အမ် တကယ်ကြီး!"
ဘယ်သူက အရမ်းမာနကြီးလဲလို့ တွေးလိုက်မိတာ လတ်စသတ်တော့ သူမတို့သိနေတဲ့ လူတစ်ယောက် ဖြစ်နေတာပဲ။ သူ့အကြောင်းကို သူမတို့ သိထားသလောက်တော့ ဒီလိုမာနကြီးနေတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။
"ဒီကောင်လေး ယင်းယန်အကယ်ဒမီကို ရောက်တဲ့အခါ ငြိမ်းချမ်းစွာ နေထိုင်မယ်လို့ ငါထင်ခဲ့ပေမယ့် အခုတော့ အတွေးလွန်နေပြီ ထင်တယ်"
မင်းသမီးလော့ရုံမှာ ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
ပေရွှီးဧည့်ကြို တည်းခိုခန်းကို အကြီးအကဲ လုံယွမ်တို့အဖွဲ့ မရောက်လာခင်မှာ တခြားသူတွေက အရင် ရောက်လာကြသည်။
"သခင်လေး... ရွှေရောင် သတ္တုရိုင်း အပါအဝင် မင်းလိုချင်တဲ့ ပစ္စည်းတွေ အားလုံးကို ငါ စုဆောင်းပြီးပြီ ကြည့်ပါ..."
ဤလူသည် ရတနာတစ်ရာ အဆောက်အဦးတွင် တွေ့ခဲ့သော ဆိုင်ပိုင်ရှင်ဖြစ်ပြီး အစေခံတစ်ဦးအား လက်ထဲတွင် ပစ္စည်းအစုံအလင်ကို ယူဆောင်လာစေပြီး လုရွှမ်အား တောင့်တစွာဖြင့် ကြည့်နေသည်။

ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Ficción históricaArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ