Chapter (12) Arc 3
ပိုးတစ်ရာပုံစံ"လက်မှုပညာရှင် ဆရာကြီး တစ်ယောက်ကိုရှာဖို့ တစ်နှစ်လောက်ကြာတယ်?"
လုရွှမ် အံ့အားသင့်သွားသည်။
အဂ္ဂိရတ်ဆရာများ ကဲ့သို့ပင် အဆင့်၇နှင့် အထက်ရှိသော လက်မှုပညာရှင်များကို ဆရာကြီးဟု ခေါ်ကြသည်။ စစ်မှန်သော ဆရာများသည် အဆင့်၇ သို့မဟုတ် ထိုထက်မြင့်သော အဆင့်သို့ ရောက်နေသူများ ဖြစ်သည်။
အဆင့်၉ ကိုကျော်ပြီး အသွင်ပြောင်းတဲ့ နယ်ပယ်ကို ရောက်ရင် ဂိုဏ်းဆရာလို့ ခေါ်ကြသည်။ ဂိုဏ်းဆရာအဆင့် အဂ္ဂိရတ်ပညာရှင်နှင့် ဂိုဏ်းဆရာအဆင့် လက်မှုပညာရှင်တို့ကို အဓိပတိနယ်ပယ်ထက် သာလွန်သော အရာများဟု ရည်ညွှန်းကြသည်။
ဒီလိုလူမျိုးက ရွှေတုံးသတ္တုရိုင်းကို သန့်စင်ဖို့ တစ်နှစ်လောက် အချိန်ယူရတယ် ဆိုတာ တကယ်ကြီးလား?
ဒီလိုဖြစ်ရင် ကုန်ကျစရိတ်က တစ်ဘီလီယံထက် မနည်းတော့ဘူးလေ။
ရုပ်သေးပင်လယ်ဂိုဏ်း၏ ရွှေစ သန်းဆယ်ဂဏန်းတောင် မလိုဘဲ လျှို့ဝှက်စာအုပ်ကို သူ့မျက်စိဖြင့် မြင်ဖူးသည်။ အလွန်ရိုးရှင်းသည်။ ပစ္စည်းများ ပြည့်စုံသရွေ့ ရွှေစ သန်းဆယ်ဂဏန်းတောင် မကုန်ဘဲ လုံး၀ သန့်စင်နိုင်သည်။
"မှန်တယ်.. လက်မှုပညာရှင် အဖွဲ့အတွက် ကောင်းမွန်တဲ့ နည်းလမ်း မရှိပါဘူး။ သူတို့ကို သန့်စင်အောင် လုပ်ခိုင်းတာက ကုန်ကျစရိတ် ပိုများပါတယ်။ ဒီလိုလုပ်မယ့်အစား ဒီလိုရောင်းလိုက်ရင် အနည်းဆုံးတော့ ပိုက်ဆံ အများကြီး မဆုံးရှုံးစေတော့ဘူးပေါ့"
သူဌေးက ပြောသည်။
"အိုး!" လုရွှမ်က ခေါင်းညိတ်လိုက်ပြီး သူ့စိတ်တွေ တစ်ချက်လှုပ်ရှားသွားပြီး
"ဆရာသမားက တစ်ယောက်ကို သန့်စင်ခိုင်းဖို့ အနည်းဆုံး ရွှေစ တစ်ဘီလီယံလောက် ကုန်ကျလိမ့်မယ်။ သန်း ၂၀၀တန်တဲ့ ကျောက်တုံးကို ရောင်းမှာလား သေချာပေါက် ရွှေတုံးသတ္တုရိုင်းကြီးကို ရောင်းဖို့ ရွေးမှာပေါ့"
"ဟုတ်ပါတယ်....ဒါကြောင့် ငါဒါကို ရောင်းနေတာ။ သန်း ၂၀၀နဲ့ သန့်စင်နိုင်ရင် ရောင်းစရာတောင် မလိုဘူး။ လက်မှုပညာရှင်အဖွဲ့ကို တိုက်ရိုက်ရောင်းပြီး အမြတ်ထုတ်နိုင်တယ်"

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ