Arc 3🗡31🗡 မော့ချုံ

645 54 0
                                        

Chapter (31) Arc 3
မော့ချုံ

သားရဲခန်းမသည် တောရိုင်းသားရဲများနှင့် ဝိညာဥ်သားရဲများ အတွက် ကြီးမားသော ရောင်းဝယ်ဖောက်ကားရာ နေရာတစ်ခုဖြစ်သည်။ အမျိုးမျိုးသော သားရဲများကို ဤနေရာတွင် တွေ့နိုင်သည်။

"လာကြည့်ကြပါ... လာကြည့်ကြပါ နဂါးမုတ်ဆိတ်နဲ့ ကျားမစင်... တစ်ကျင်ကို ရွှေစရှစ်သန်းနဲ့ အခုပဲ ဝယ်လိုက်ပါ"

ဆူဖြိုးသော အမျိုးသားတစ်ဦးက သူ့ယပ်တောင်ကို ဝေ့ယမ်းကာ ပြောလိုက်သည်။

"မစင်?? ဒီမှာ မစင်တွေပါ ရောင်းသေးတာလား?"

လျောက်ချင်းသည် သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်ဖြင့် လှမ်းကြည့်နေသည်။ ဘယ်သူက မစင်ဝယ်ပြီး ဘာလုပ်မှာလဲ။ ပြီးတော့ သားရဲတွေရဲ့ စွန့်ထုတ်မှုပဲလေ။ မင်းက ရူးနေလား။

"ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေက ဒေသဆိုင်ရာ အသိဥာဏ်တွေ ရှိကြပြီး အများစုက သူတို့ရဲ့ နယ်နိမိတ်ကို ပိုင်းခြားဖို့ ဆီးနဲ့မစင်တွေကို အသုံးပြုကြတယ်။ အစွမ်းထက်တဲ့ သားရဲတွေ နှောင့်ယှက်တာကို တားဆီးတဲ့ အနေနဲ့ နဂါးမုတ်ဆိတ်နဲ့ ကျားမစင်တွေ သယ်ဆောင်သွားပြီး ညအချိန် တောထဲသွားလာသူတွေ အသုံးပြုကြတယ်..."

လုရွှမ်သည် လျောက်ချင်း နားမလည်တာကို မြင်လိုက်ရတဲ့အခါ ဝင်ရှင်းပြလိုက်သည်။

"ဒါကို ကျွန်​တော် ကြားဖူးတယ် ဒါပေမဲ့ ဟိုမှာကြည့်.... ချောင်းအင်းဆက် မစင်တွေကို ရောင်း​နေတယ်။ ချောင်းအင်းဆက်တွေက အရမ်းအဆင့်နိမ့်တဲ့ သားရဲကောင်တွေဆိုတာ ကျွန်တော် သိတယ်။ အစွမ်းသတ္တိက ဘယ်လောက်မှ မရှိဘူး... အသုံးဝင်လို့လား?"

လျောက်ချင်း အံ့ဩသွားသည်။

အစွမ်းထက်သော သားရဲများ၏ မစင်များသည် အဆင့်နိမ့်သားရဲများကို ကြောက်လန့်စေပြီး အစွမ်းထက်သော သားရဲများ သတ်မှတ်ထားသည့် နယ်မြေအတွက် လွဲမှားကာ ၎င်းတို့ထံ မချဉ်းကပ်ဝံ့ကြပေ။ သို့သော် တုတ်ပိုးမွှားကဲ့သို့ အဆင့်နိမ့် သားရဲများ၏ မစင်များသည် အဘယ်နည်း။

"ဟားဟား.... ချောင်းအင်းဆက်တွေကို လျှော့မတွက်နဲ့ ချောင်းအင်းဆက်တွေရဲ့ စွန့်ထုတ်မှုက နဂါးမုတ်ဆိတ်မွေးနဲ့ ကျားထက်တောင် ပိုအသုံးဝင်တယ်!" လုရွှမ်က ပြုံးလိုက်သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now