Chapter (104) Arc 3
ရှန့်ခုန်းမြို့ (ဒုတိယပိုင်း)ကျန်းဝူအကယ်ဒမီမှာ ပျံ့နှံ့နေတဲ့ ဒဏ္ဍာရီပုံပြင်တစ်ခုလိုပါပဲ။ တစ်နေရာတည်းမှာ ရွှေတွေရှိနေရင် လူတိုင်းက တူးသွားကြသည်။ ရလဒ်အနေနဲ့ ရွှေတူးတဲ့သူတွေက ငွေမရှာဘဲ မြစ်ကိုဖြတ်ကူးတဲ့ ကူးတို့သမားတို့လို အကြီးမားဆုံး အနိုင်ရသူ ဖြစ်လာခဲ့သည်။
ဤလူများသည် ချိုင့်ဝှမ်းထဲသို့ မဝင်လျှင်ပင် ဝင်ငွေပိုရနိုင်သည်။
သို့သော် လူအများတို့သည် မိမိဘာသာ အသိပညာမရှိကြဘဲ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ခြင်းဖြင့် ပို၍ရနိုင်သည်ဟု ထင်ကြသော်လည်း အဆုံးတွင် ထိုနေရာတွင် ပိတ်မိနေကြပြီး နောက်တဖန် မထွက်နိုင်တော့ပေ။
ထိုအခါ ဘဝက ကမောက်ကမ ဖြစ်သွားတတ်သည်။
လမ်းများ ကျယ်ဝန်းပြီး ရောင်းချသည့် ရတနာ မျိုးစုံရှိသဖြင့် လူများစွာ မမြင်ဖူးသော ထူးဆန်းလွန်းလှသည့် ရတနာများကိုပါ တွေ့ရသည်။
"ဖြတ်သွားသူတိုင်း လာကြည့်ကြပါ.... နောက်ဆုံးပေါ် ရတနာထောက်လှမ်းတဲ့ မှန်နော် ချိုင့်ဝှမ်းထဲကို ဝင်လိုက်တာနဲ့ မှန်ကိုဖွင့်လိုက်... ရတနာရဲ့ ဦးတည်ရာက အလင်းတန်းတွေ ထွက်လာလိမ့်မယ်....ဝိညာဉ်ကျောက်တုံး ၁၅တုံးပဲ လိုတော့တယ် မဝယ်မိရင် နောင်တရလိမ့်မယ်နော်....!"
လမ်းဘေးက လူငယ်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်နေ၏။
"ရတနာရှာတဲ့မှန်?"
မင်းသမီးလော့ရုံ နှင့် အခြားသူများသည် မျက်တောင်များကို ပုတ်ခတ်ရင်း လှည့်ကြည့်သွားချင်ကြသည်။
"အဲဒါက ရိုးရိုးကွဲနေတဲ့ သံမှန်တစ်ခုပဲ.... သူပြောနေတာတွေ အားလုံးက မုသားပဲ။ ဝိညာဥ်ကျောက်တုံး ၁၅တုံးလောက်နဲ့ တကယ့်ရတနာ မှန်တစ်ချပ်ကို ဝယ်နိုင်ရင် သူ ဒီမှန်တွေကို ရောင်းနေစရာတောင် မလိုတော့ဘူး!"
လုရွှမ်က ပေါ့ပေါ့ပါးပါး ပြော၏။
တစ်မြို့လုံးမှာ စျေးရောင်းသူတွေ များပေမယ့် အတုတွေက ပိုများလေသည်။ ပစ္စည်း၏ အရည်အသွေးကို မသိဘဲ ရူးကြောင်ကြောင် ဖြစ်နေရင် လှည့်စားခံရမှာ သေချာလေသည်။

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ