Chapter 16

2K 221 0
                                    

{Unicode}

အပိုင်း ၁၆ | အတူတကွနေထိုင်ခြင်း ရသစုံရှိုး

အဆုံးတွင်တော့ နှစ်ယောက်လုံး၏ rank မှာ အတော်မြင့်သွားကာ အချိန်ကိုကြည့်လိုက်ချိန်တွင် နှစ်နာရီကြာသွားလေပြီ။ ချောင်းအမေအကြောင်း ရှန့်ချောင်တွေးလိုက်မိပြီးနောက် မတ်တပ်ရပ်ကာ ဟော့ရှီးကို နှုတ်ဆက်စကားဆိုလိုက်သည်။

သူ သူမကို တံခါးဝထိ လိုက်ပို့ပြီး လေသံခပ်တိုးတိုးဖြင့်

"သူတို့ ပြန်မလာသေးရင် ထပ်မစောင့်နဲ့တော့"

"အင်း! ဘိုင့် ဟော့ရှီး၊ စောစောနားနော်"

သူ ခေါင်းညိတ်ပြလိုက်သည်။

ရှန့်ချောင် လှည့်ထွက်သွားပြီး အရှေ့အိမ်ရှိ လူသွားလမ်းပေါ် ပျောက်ကွယ်မသွားမချင်း သူ တံခါးမပိတ်ပေ။ အခန်းကား တဖန်ပြန်လည်တိတ်ဆိတ်သွားသည်။ သူမ ဒီမှာ ရှိနေချိန်တွင်လည်း ဆူညံဆူညံမလုပ်ပေ။ သူ့ထံ စကားဆိုလျှင်တောင် ဂရုတစိုက်ဆိုလေ့ရှိသည်။

သူ တီဗီ ဖွင့်လိုက်ကာ ရှန့်ချောင် ကြည့်ပြီးဖြစ်တဲ့ 'ရွှမ်းကျန့်၏ ခရီးစဉ်' ကို အပြီးထိ ကြည့်လိုက်ပြီးနောက် အပေါ်ထပ်တက်ကာ အိပ်ဖို့ ပြင်သည်။

ပျင်းစရာကောင်းတဲ့ တရားဓမ္မနှင့် ပတ်သက်သော မှတ်တမ်းရုပ်ရှင်မျိုးကို သူမကြိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့။

နောက်ဆုံးတော့ ချောင်းမိသားစုအိမ်က မီးလင်းလာသည်။

ရှန့်ချောင် တွေးတောလိုက်ကာ သတ္တိမွေးပြီး တံခါးခေါက်လိုက်သည်။

တံခါးဖွင့်လာသူမှာ ချောင်းအိမ်တော်ထိန်း ကျန်းမား ဖြစ်ကာ မျက်နှာစိမ်းလူကို တံခါးဝမှာ မြင်ပြီးနောက်

"ဘယ်သူ့ကို ရှာတာလဲ မိန်းကလေး?"

"ကျွန်မ ချောင်းယွီနဲ့ တွေ့ချင်လို့ပါ"

အချိန်အတော်လေးနောက်ကျနေပြီဖြစ်မှန်း ကျန်းမား သတိထားမိလိုက်ကာ သူမရှေ့ရှိလူမှာ မိန်းကလေးဖြစ်သည့်အပြင် ချောင်းယွီနှင့် တွေ့လိုသည်ဟု ဆိုလာတာမို့ သူမအကြည့်တွေ ပြောင်းလဲသွားသည်။ ထိုအချိန်တွင် ချောင်းယွီ အပေါ်ထပ်မှ အောက်ဆင်းလာကာ လှမ်းမေးသည်။

GTKWF (Myanmar Translation )Where stories live. Discover now