Chapter 67

1.9K 271 29
                                    

{Unicode}

အပိုင်း ၆၇

ရှန့်ချောင် ဓါတ်ပုံအားလုံးရိုက်ကူးပြီးချိန်မှသာ ဟော့ရှီး ဝင်ရောက်လာသည်။

သူမ သူ့ကို မကြည့်ရဲပေ။ သို့သော် သူမ၏ ခုခံနိုင်စွမ်းကို တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် တချက်ခိုးကြည့်လိုက်သည်။ ကြည့်လို့ရတုန်း ကြည့်ထားမှ! ဒါမှ နောင်ကျရင် သူ့ရဲ့ အစွမ်းထက်တဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်မှာ။

ထို့နောက် ဟော့ရှီးက နှုတ်ခမ်းစွန်းတို့ တွန့်ကွေးကာ ကင်မရာမှန်ဘီလူးများ ရှိရာဆီ ပြုံးပြလိုက်သည်။

.....
ငါ့အသက်ကို နင့်ကို ပေးပါတယ်၊ အပိုင်ယူလိုက်ပါတော့!

ရှန့်ချောင်က နောက်ထပ်ရိုက်ကူးမှုအတွက် သာမန်အဝတ်အစားများ လဲလှယ်ရန်လိုအပ်ပြီး သူမ အဝတ်လဲခန်းရှိရာဆီ ပြန်လာချိန်တွင် ရိုက်ကူးရေးအဖွဲ့သားများ ပြင်ဆင်ပေးထားသည့် ဝတ်စုံမှာ မီးခိုးရောင် Off shoulder vest ကို အနက်ရောင် လည်သာဂျက်ကတ်ဖြင့် တွဲစပ်ထားခြင်းဖြစ်ပြီး ပစ္စတိုအိတ်မှာ အထက်နှင့် အောက်ဘက်တွင် တွဲချည်ထားသည်။ သူမ၏ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသည့် လည်တိုင်နှင့် ကျော့ရှင်းသည့် ညှပ်ရိုးတို့မှာ အထင်အရှား။

ဒါရိုက်တာက သူမကို ခေတ္တမျှစိုက်ကြည့်ပြီးနောက် ဆိုသည်။

"နည်းနည်းပိန်နေတယ်၊ ဒီအတောအတွင်း ထရိန်နာတစ်ယောက်ဌားပြီး ပုံစံကျအောင် လေ့ကျင့်ရမယ်"

ရှန့်ချောင် ခေါင်းညိတ်ကာ သဘောတူညီလိုက်သည်။

တဖက်တွင်မူ ဟော့ရှီးက ပထမဆင့်ရိုက်ကူးရေးဓါတ်ပုံများကို ရိုက်ကူးပြီးဖြစ်ကာ ဒုတိယဝတ်စုံဖြစ်သည့် အနက်ရင့်ရင့်အနောက်တိုင်းဝတ်စုံဖြင့် လဲလှယ်နှင့်ပြီးလေပြီ။ လူတစ်ကိုယ်လုံး၏ အရှိန်အဝါမှာ လေးနက်ပြီး အေးစက်နေသည်မှာ အောက်ခြေကို မမြင်တွေ့နိုင်သည့် နက်လှသည့် ရေကန်ကဲ့သို့ပင်။

ရှန့်ချောင် အထဲဝင်သွားချိန်တွင် ဟော့ရှီးက တီဗီဖန်သားပြင်ရှေ့တွင် ရိုက်ကူးပြီးခဲ့သည့် ဓါတ်ပုံများကို ပြန်ကြည့်ရှုနေသည်။ သူမော့ကြည့်ချိန်တွင် သူမက အနက်ရောင်လည်သာဂျက်ကတ်အကျီနှင့် လည်ထောင်ဘွတ်ဖိနပ်ကို ဝတ်ဆင်ထားသည်ကို မြင်တွေ့လိုက်ရသည်။ သူ့မျက်ဝန်းတို့က ညှပ်ရိုးတစ်စုံထက် ဝေ့ဝဲသွားကာ မျက်ဝန်းအကြည့်တို့က အနည်းငယ်မျှ နက်မှောင်သွားရ၏။

GTKWF (Myanmar Translation )Où les histoires vivent. Découvrez maintenant