Chapter 27

1.8K 224 19
                                    

{Unicode}

အပိုင်း ၂၇ | နင့်ချောမောမှုတွေကို ရပ်လိုက်တော့

သရဲအိမ်ထဲမှ သူမ ပြေးထွက်လာပြီးနောက် ပထမဆုံး လုပ်သည့်အလုပ်မှာ သူမဖုန်းကို ထုတ်၊ ဓါတ်ပုံအယ်လ်ဘမ်ကိုဖွင့်ပြီး ဟော့ရှီးရဲ့ ဓါတ်ပုံကို သူမရဲ့ နှလုံးသားပေါ် ဖိကပ်ထားခြင်းဖြစ်သည်။ သူမ ဝိညာဉ်လွင့်လုနီးပါး ကြောက်လန့်သွားရပြီး ငိုချတော့မိတော့မလို့!! ဒီသောက်ကျိုးနည်း အင်တာနက်ဆယ်လိီ၊ ဒီအကြွေးကို သူမ ရာသက်ပန်မှတ်ထားမှာ!!!

ခဏအကြာတွင် ခြေတံရှည်က လက်ထဲ ရွှေရောင်စာလိပ်ကို ကိုင်ရင်း စနောက်ရယ်မောကာ အပြင်ထွက်လာသည်။

"အဲ့ဒီတော့ မင်းက သရဲကြောက်တာလား?"

ရှန့်ချောင် - "ဘယ်သူက သရဲကြောက်တာလဲ? ငါကလား? ဟာသပဲ!! ငါက သရဲတွေကို အချစ်ဆုံး!!"

ကင်မရာသမားများ - "....."

သဲလွန်စရပြီးသည့်နောက် သူတို့တာဝန်ကို နေ့လည်စာစားပြီးချိန်တွင် ဆက်လက်လုပ်ဆောင်နိုင်သည်။ သို့သော် ဒါက ဒီလူမဆန်တဲ့ အစီအစဉ်က ခေတ္တခဏရပ်ကာ သူတို့ကို နေ့လည်စာစားခွင့်ပြုမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ အစားအစာကဒ်တွေက ကျောက်နံရံတုပေါ်တွင် တည်ရှိပြီး သုံးမီတာ၊ ငါးမီတာနှင့် တစ်ဆယ်မီတာအမြင့် အသီးသီးတွင် ဖြစ်သည်။

ယနေ့မနက်အစောပိုင်းကတည်းက ရှန့်ချောင်မှ နွားနို့သာ သောက်ရသေးကာ ခြေကုန်လက်ပန်းကျနေလေပြီ။ ဖန်းပိုင်မှာ ဒေါသထွက်လွန်းနေပေမဲ့ စိတ်ထိန်းကာ ဒါရိုက်တာနှင့် သွားညှိနှိုင်းသည်။

သို့သော် ဒါရိုက်တာကား နည်းနည်းလေးမှ ညှိမရပေ။

"ဒါက ငါတို့ရှိုးရဲ့ ရည်ရွယ်ချက်ပဲ၊ မင်းတို့အနုပညာရှင်က ပါဖို့ ကတိပေးပြီးမှတော့ သေချာပေါက် စည်းကမ်းလိုက်နာရမှာပဲ၊ နောက်ပြီး တခြားသူတွေတောင် ဘာမှ မစားတာ ဘာလို့ သူ့ကို သီးခြားဆက်ဆံရမှာလဲ?"

ဒါဆို ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က အနုပညာရှင်တွေကို အမောဆို့စေချင်တာလား?

သွားသေလိုက်တော့!!!

ဖန်းပိုင် ထပ်ပြောဖို့ ပြင်လိုက်ပေမဲ့ ရှန့်ချောင်က အဝတ်လဲပြီးဖြစ်ကာ သူ့ကို လှမ်းခေါ်သည်။

GTKWF (Myanmar Translation )Where stories live. Discover now