Chapter 130

1.2K 273 44
                                    

{Unicode}

အပိုင်း ၁၃၀

နှစ်ကူးအကြိုပွဲတော်အခမ်းအနား ပြီးဆုံးသွားသည်နှင့် 'ရှန့်ချောင်၏ အားပေးထောက်ခံမှု' ဟူသော ခေါင်းစည်းမှာ Hot Search သို့ တိုက်ရိုက်ပင် ဝင်ရောက်သွားသည်။ ယခုအခါ သူမ အရူးအမူး ဖြစ်နေချိန်တွင် မည်ကဲ့သို့ ပုံပန်းသွင်ပြင်ရှိကြောင်း အင်တာနက်တစ်ခုလုံး သိသွားပေပြီ။

များစွာသော အိုင်ဒေါလ်နောက်လိုက်သူ မိန်းမလေးများ - "ဒါ ငါတို့ပုံစံပဲ မဟုတ်လား၊ အရမ်း စစ်မှန်တာပဲ"

ထို Hot Search ကြောင့် ရှန့်ချောင်နှင့် ဟော့ရှီး၏ တကိုယ်ရည် တင်ဆက်မှု ဗီဒီယိုမှာ အခြားသော အနုပညာရှင်များထက် ဝင်ကြည့်သူများပြားကာ 'ရှန့်ချောင် x ဟော့ရှီး' ခေါင်းစဉ်သည်လည်း တဖြည်းဖြည်း မြင့်တက်လာသည်။

အချို့သော ရှီးကွမ်းများမှာ စိတ်ကျေနပ်မှုမရှိ။

[ဒီလူနှစ်ယောက်ကို ဘာလို့ ထပ်ပြီး တွဲပြောနေရပြန်တာလဲ?]

ချောင်ဖန်များက ခွန်းတုံ့ပြန်သည်။

[ဘယ်သူက စတာလဲ? ကင်မရာသမားကြောင့်သာ မဟုတ်ရင် ငါတို့ ချောင်ချောင်က အစီအစဉ်ကို ပျော်ပျော်ကြီး ကြည့်နေမှာ၊ ဘာကိစ္စကို နင်တို့ကို လာရှုပ်ရမှာလဲ?]

ရှီးကွမ်းများက သရော်တော်တော် ဆိုသည်။

[ပရိသတ်တွေ မြင်ရအောင် ပြဖို့ ကင်မရာသမားကို လာဘ်ထိုးထားတာလည်း ဖြစ်နိုင်တာပဲ]

ချောင်ဖန် - [ဝေ့... ငါတို့မျက်နှာကြီးလိုက်တာ၊ ခန်းမထဲက ကင်မရာသမားကိုတောင် လာဘ်ထိုးနိုင်နေပြီ၊ ငါတို့ကို တအား အထင်ကြီးနေတာပဲ]

နက်တစ်ဇင်များက ဖန်ဒမ်းနှစ်ခု တိုက်ခိုက်နေသည်ကို ဖရုံစေ့ကိုက်၍ ကြည့်ရင်း နှစ်သစ်ကူးအား ကျော်ဖြတ်သည်။

ပရိသတ်များအတွက် တိုက်ခိုက်မှုအတွင်း ပါဝင်လာရန်မှာ လွယ်ကူသည်။ နှစ်ဖက်စလုံးက တရားမျှတသူများဖြစ်သည်။ တဖက်က အခြားတစ်ဖက်၏ မကောင်းသည့် မှတ်ချက်ကွန်မန့်များအား Screenshot ရိုက်၍ တဖက်လူ၏ ကျိုးကြောင်းမသင့်လျှော်မှုအား သက်သေပြလာသည်။ ဖန်များသည်ကား မိမိတို့ဘက်တော်သားအား ကာကွယ်ရန် စိတ်အားထက်သန်သည်။ ထို Screenshot များအား မြင်သည်နှင့် ဖြစ်ပေါ်နေသည့် တိုက်ပွဲလေပွေထဲ ခုန်ဆင်းဝင်ရောက်လာရန် လွယ်ကူသည်။

GTKWF (Myanmar Translation )Hikayelerin yaşadığı yer. Şimdi keşfedin