Chapter 120

1.4K 237 20
                                    

{Unicode}

အပိုင်း ၁၂၀

ဇာတ်လမ်းတွင် ရယ်ရွှင်ဖွယ်ရာ ဟာသစာသား အမြောက်အမြားပါဝင်သည်။ သရုပ်ဆောင်များက မကြာခဏ ရယ်မောတတ်ကြကာ နောက်ပိုင်းဇာတ်ဝင်ခန်းများမှာ နှစ်ကြိမ်၊ သုံးကြိမ်မျှ ပြန်လည်ရိုက်ကူးတတ်ရသည်။ နေ့လယ်စာစားချိန်တွင် ဒါရိုက်တာက သူ့ဘေးနား လာထိုင်ရန် ရှန့်ချောင်အား လှမ်းခေါ်သည်။

တည်ကြည်လေးနက်သည့် ဒါရိုက်တာချန်က ဆူတော့မည်ဟု တွေးထင်ထားခဲ့သော်လည်း အဆုံးတွင်မူ သူ၏ သဘောထားမှာ နူးညံ့ပျော့ပျောင်းနေဆဲ။ စားသောက်နေစဉ်အတွင်း သူက သူမထံ မေးလာသည်။

"ရှောင်ချောင်၊ ဇာတ်အဆုံးကျရင် ဇာတ်ကောင် ထောင်ဟွားရှစ် ဘာဖြစ်သွားလဲ မင်းသိလား?"

ရှောင်ချောင် ခေါင်းညိတ်သည်။

"အင်း၊ သိတယ်၊ ကျွန်မ ဇာတ်ညွှန်းအဆုံးထိ ဖတ်ပြီးသွားပြီ"

ဒါရိုက်တာချန် - "ဒါဆို အစပိုင်းမှာ သူက ဘာလို့ ဒီလောက် ရယ်ရတယ်လို့ ထင်လဲ?"

ထိုမေးခွန်းက ရှန့်ချောင်အား အခက်တွေ့သွားစေပြီး သူမကိုယ်သူမ ပြန်လည်တွေးတောလိုက်သည်။

(ဒါက ဇာတ်ညွှန်းဆရာ စီစဉ်ပေးထားတဲ့ ဇာတ်ကောင်စရိုက် မဟုတ်ဘူးလား? လွန်ခဲ့တဲ့ ဆယ်နှစ်က စကားပုံတွေအားလုံး ဒီပုံစံပဲ မဟုတ်ဘူးလား?)

သူမအတွေးအား ခန့်မှန်းနိုင်ဟန်ဖြင့် ဒါရိုက်တာချန်က အပြုံးဖြင့် ရှင်းပြသည်။

"ထောင်ဟွားရှစ်က အမှန်တော့ မျောက်ကလေးမဟုတ်မှန်း ငါတို့အားလုံး သိပြီးသားပဲ၊ သူက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးကို ဆန့်ကျင်တဲ့အနေနဲ့ မွေးဖွားလာတဲ့ နတ်ဆိုး၊ ကောင်းကင်ဧကရာဇ်မှာ သူ့ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိဘူး၊ ဒါကြောင့် အနောက်အရပ်သခင်ထံကနေ အကူအညီတောင်းခဲ့တယ်၊ အနောက်အရပ်သခင်က ဒီပြင်းထန်တဲ့ အဖျက်စွမ်းအားစုကို မက်မွန်ပွင့်ပုလ္လင်အောက်မှာ ပိတ်လှောင်ထားခဲ့ပြီး အနောက်အရပ်က ဓမ္မတေးရွတ်သံနဲ့ သူ့ရဲ့ နတ်ဆိုးသဘာဝကို သန့်စင်ပစ်ဖို့ ရည်ရွယ်ခဲ့တယ်"

GTKWF (Myanmar Translation )Where stories live. Discover now