Chapter 19

2K 213 41
                                    

{Unicode}

အပိုင်း ၁၉ | ဟော့ရှီးပန်းကန်က ငါတို့ထက် ဘာလို့ အသားပိုများနေတာလဲ?

မဟုတ်ဘူး!! ငါ မကြောက်ဘူး! အဓိပ္ပါယ်မရှိတာ မပြောနဲ့!

ရှန့်ချောင် စိတ်တည်ငြိမ်အောင် ဖိနှိပ်ကြိုးစားလိုက်ပြီးနောက်

"အာ? တကယ်လား?"

ထို့နောက် သူမ ကောင်းကင်ကို မောကြည့်ပြီးနောက် ဆိုလိုက်သည်။

"မိုးရွာတော့မယ်ထင်တယ်၊ အာ... အေးလိုက်တာ"

ပြောပြီးသည်နှင့် ထရပ်ကာ ပန်းအိုးကိုင်ရင်း ထွက်ပြေးတော့သည်။

ဟော့ရှီး နေရာမှာတင် ခဏမျှ ဆောင့်ကြောင်ထိုင်ပြီးနောက် မျက်နှာအမူအရာ မပြောင်းပဲ အခန်းထဲ ပြန်ဝင်သွားသည်။

Barrage တခုလုံး ဟော့ရှီး အခုလေးတင် ဘာပြောသွားသလဲ ခန့်မှန်းနေကြသည်။

[ရှန့်ချောင် ပုံစံက ကြောက်နေသလိုပဲ၊ သူ့ကို ဟော့ရှီး ဆူလိုက်တာလား?]

[ဟော့ရှီးက အမြဲယဉ်ကျေးပြီး ဘယ်တော့မှ မဆူတတ်ဘူး၊ ကျေးဇူးပါ]

[ဖြစ်နိုင်တာက သူ ရှန့်ချောင်ကို သည်းမခံနိုင်တော့လို့ သူ့နားက ဝေးဝေးနေဖို့ ပြောတာထင်တယ်]

[သူ(မ) တကယ်ဝေးဝေးနေဖို့ ငါ မျှော်လင့်တယ်၊ ဟော့ရှီးရဲ့ မြင်ကွင်းထဲ ပေါ်မလာရင် အကောင်းဆုံးပဲ]

[Barrage ထဲ ဘယ်သူလာပြီး မနာလိုနေတာလဲ? ရှန့်ချောင်က ဟော့ရှီးကို တမင်သက်သက် လိုက်ကပ်နေတယ်လို့ ငါ မထင်ဘူး၊ နင့်မှာသာ အစွမ်းရှိရင် ပရိုဂရမ်ကို နင့်ကိုလဲ ဖိတ်ခိုင်းလေ]

[နင်အစွမ်းရှိရင် နင်သွားလေ၊ ဒီငတုံးစာကြောင်းကို 8102 ကြောင်းမြောက်မှာလဲ ငါတွေ့တယ်]

[သူပြောရဲတယ်ဟုတ်လား!! အားလုံးက တိုက်ရိုက်လွှင့်တာကို ကြည့်နေတာ]

[ငါ့ရဲ့ တန်ဖိုးရှိတဲ့ ရှီးကိုပဲ ငါမြင်ချင်တာ၊ ရှန့်ချောင်ကို မမြင်ချင်ဘူး၊ ငါက သနားစရာလေး]

[ငါလည်း နာကျင်နေရတာပဲ၊ ငါ့မျက်လုံးဖောက်ထုတ်ပစ်ချင်တဲ့ စိတ်ကို မနည်းထိန်းနေရတယ်]

GTKWF (Myanmar Translation )Where stories live. Discover now