Chapter 3

2.3K 223 17
                                    

{Unicode}

အပိုင်း | လူသားတွေဟာ ဆင့်ကဲပြောင်းလဲနေတဲ့ မျိုးစိတ်ဖြစ်သည်။

အသိအမှတ်ပြုသည့်အနေဖြင့် ဟော့ရှီး ခေါင်းညိတ်ပြလိုက်ကာ ခြေနှစ်လှမ်းနောက်ဆုတ်ပြီး ရှန့်ချောင်အတွက် နေရာလုပ်ပေးလိုက်သည်။ သူမက သူ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လျက်သား ဓါတ်လှေကားထဲ ဝင်လာသည်မှာ တစ်စက္ကန့်မျှ သူ့ကို မကြည့်လျှင်ပင် သူမ နာကျင်တော့မလို။

သူ့မျက်ခုံး၊ သူ့မျက်လုံး၊ သူ့နှာတံ၊ သူ့နှုတ်ခမ်း၊ သူ့လည်တိုင်၊ သူ့ရဲ့ လည်ဇလုပ်.... အရာအားလုံး ကြည့်ကောင်းသည်။ ဒါက ဘယ်လို အလှတရားမျိုးလဲ?

သူက သူမရဲ့ သေမျိုး နှလုံးသားကို စနောက်ရန်အတွက် ကမ္ဘာမြေပေါ် သက်ဆင်းလာတဲ့ မသေမျိုးနွယ် နတ်သားများလား?

အမေရေ!! ဒါက သမီးယူချင်တဲ့ ယောကျာ်းလေ!!!

ရှန့်ချောင်ရဲ့ နှလုံးသားမှာ တလှပ်လှပ်ခုန်နေပြီး သူမရဲ့ အရူးအမူးဖြစ်နေဟန်ပုံရိပ်က ဟော့ရှီးကို မသက်မသာဖြစ်စေကြောင်း သတိမထားမိပေ။

သူမက သူ့ကို မျက်လုံးနဲ့ အကျီချွတ်နေတာလား?

ရှန့်ချောင်က ဟော့ရှီးဖန်တွေရဲ့ အဆူဆဲခံရပြီးတဲ့နောက် သူ့ကို တွေ့သည့်အချိန်တိုင်း ထွက်ပြေးလေ့ရှိသည်။ သူမအဖွဲ့လုပ်သမျှအပေါ် သူမ အပြစ်ရှိစိတ် ရှိကာ ဟော့ရှီးက တခြားသူများနှင့် ရောနှောမနေလိုသည့်သူမျိုးဖြစ်ကြောင်းလဲ နားလည်သည်။

ဒီနေ့ သူမက သတ္တိရှိနေတာလား? သူမ ကောင်းမေလင်းနဲ့ ရန်ဖြစ်ခဲ့တာ မထူးဆန်းတော့ချေ။

သူမဘေးရှိ ဖန်းပိုင်မှာ စိတ်မရှည်ဖြစ်လာကာ ရှန့်ချောင်လက်ကို ဆွဲလိုက်သည်။

"အစ်မချောင်ချောင်၊ ကျွန်တော်တို့ ပြန်သွားသင့်တယ်၊ စာချုပ်က လက်မှတ်ထိုးပြီးသွားပြီ၊ အစ်မ လက်မခံချင်ရင်တောင် အစ်မကောင်းနဲ့ စကားပြောပြီး ဆုံးရှုံးမှုနည်းအောင် လုပ်မှရမယ်"

ရှန့်ချောင် အသိဝင်လာသည်။ ဟုတ်တယ်၊ လက်တလော အရေးကြီးဆုံးအရာမှာ သန်းမေဒရာမာနှင့် ဖြေရှင်းဖို့ပင်။ သူမ ဟော့ရှီးကို နောက်မှ ငေးမော၍ ရပေသည်။

GTKWF (Myanmar Translation )Where stories live. Discover now