Chapter 135

1.4K 236 22
                                    

{Unicode}

အပိုင်း ၁၃၅

ဖူဆောရီးက ပထမဦးဆုံးအနေဖြင့် ကမ္ဘာ့အနှံ့အပြားက Anti fan များက စုတ်ဖြဲကာ ရုန့်ရင်းကြမ်းတမ်းသည့် စကားတစ်ခွန်းမပါပဲ ထိရောက်၍ ကျိုးကြောင်းဆီလျော်သော တုံ့ပြန်စကားတို့ဖြင့် လှုပ်ရွနေသည့် ရေတပ်များအား တိတ်ဆိတ်စေသည်။ ထို့နောက် ရုပ်ရှင်ဝေဖန်ရေးနှင့် အလားသဏ္ဍာန်တူသော ဆောင်းပါးရှည်တစ်ပုဒ်အား Weibo ပေါ် တင်လာသည်။ ခေါင်းစဉ်မှာ - 'ဟော့ရှီး၏ သရုပ်ဆောင်စွမ်းရည် တိုးတက်ပြောင်းလဲလာပုံအား ဝေဖန်အကဲဖြတ်ခြင်း'။

ပြေပြစ်သည့် စကားလုံးထောင်ပေါင်းများစွာအစ၊ ဟော့ရှီး ပွဲဦးထွက်ပြီးနောက် သူ၏ ပထမဆုံး တီဗီစီးရီးမှ အစပြုကာ ဇာတ်ကောင်အား အသေးစိတ်အကဲဖြတ်ခြင်းနှင့် ဇာတ်လမ်းအား ဝေဖန်ပိုင်းခြားခြင်း၊ ရုပ်ရှင်နှင့် တီဗီစီးရီးနယ်ပယ်သို့ စတင်ဝင်ရောက်ချိန်၌ ဟော့ရှီး၏ သရုပ်ဆောင်ပုံမှ လိုအပ်ချက်များ၊ ထို့နောက် ဒုတိယနှင့် တတိယရုပ်ရှင်များ။ ရုပ်ရှင်စီးရီးသုံးခုမှ တစ်ခုချင်းစီတွင် သူ၏ သရုပ်ဆောင်စွမ်းရည်တိုးတက်လာမှုမှာ သိသာထင်ရှားသည်။ သူမက အစောပိုင်းကာလများရှိ ဟော့ရှီး၏ အပြစ်အနာအဆာများအား ထိန်ချန်ထားခြင်းမရှိပဲ ဟာသအနေဖြင့်ပင် ထုတ်ဖော်လာခဲ့သေးသည်။ သို့သော် ထိုလိုအပ်ချက်များမှာ နောက်ထပ်ထွက်ရှိလာသည့် စီးရီးများ၌ ပြုပြင်ထားပြီးဖြစ်သည်။ ယင်းမှာ ပျားများ ပျားအုံဆောက်သကဲ့သို့ ကြားလေမသွေးနိုင်အောင် စေ့စပ်လျက်ရှိသည်။

အဆုံးတွင်မူ သူ ရုပ်ရှင်ဧကရာဇ်အဖြစ် ဆုရရှိခဲ့သည့် 'Fearless' ထဲတွင် သူမက ရွှီလုရှန်း ဇာတ်ကောင်စရိုက်နှင့် နောက်ခံအား နက်နက်နဲနဲ ခွဲခြမ်းစိတ်ဖြာလာပြီး စီးရီးထဲရှိ ရုပ်ရှင်အပိုင်းတိုများစွာကို အသုံးပြုကာ ထိုဇာတ်ကောင်အား ဟော့ရှီးမှ ကျင်လည်စွာ ကိုင်တွယ်သွားနိုင်ပုံကို သက်သေပြသည်။

[ငါ့အနေနဲ့ သူ့ရဲ့ အားနည်းချက်တွေကို ရှောင်ဖယ်စရာမလိုသလို သူ့ကို ချီးကျူးဖို့အတွက်လည်း တုံ့ဆိုင်းနေမှာ မဟုတ်ဘူး]

GTKWF (Myanmar Translation )Opowieści tętniące życiem. Odkryj je teraz