Chapter 99.1

1.5K 284 24
                                    

{Unicode}

အပိုင်း ၉၉.

ပေ့မင်းဖန်က တစ်ဖက်က ကျောင်းအုပ်ကို ဆွဲကာ အခြားတစ်ဖက်က စည်းကမ်းထိန်းချုပ်ရေးမှူးကို ဆွဲခေါ်ကာ အပြင်သို့ လျှောက်ထွက်သွားသည်။

"လာ... လာ၊ ကျောင်းသားချောင်ရဲ့ ကျောင်းဝင်ခွင့်အကြောင်း ပြောရအောင်"

သူမတို့နှစ်ယောက်တည်းသာ အခန်းတွင်း ကျန်ရစ်ခဲ့သည်။

ရှန့်ချောင် သူမဖုန်းကို ကြည့်ရင်း တံခါးဝရှိ လူထံ လှမ်းကြည့်သည်။ သူမက စိတ်ရှုပ်ထွေးနေပုံရကာ ခွန်းတုံ့ပြန်စကား မဆိုချေ။ အချိန်အတော်ကြာမှ မယုံကြည်နိုင်ဟန် လှမ်းခေါ်လာသည်။

"ဟော့ရှီး?"

ဟော့ရှီးက အနားသို့ တိုးလျှောက်လာကာ ဦးထုပ်ချွတ်လိုက်ပြီးနောက် ပြုံးရင်းဆိုသည်။

"အင်း၊ ကိုယ်ပါ"

ဒါဘယ်လိုတောင် တန်ဖိုးကြီးပြီး အဖိုးမဖြတ်နိုင်တဲ့ ဆုလက်ဆောင်မျိုးလဲ? သူမက စာမေးပွဲအောင်ရုံမျှဖြစ်ပြီး ကမ္ဘာလောကအား ကယ်တင်ခြင်းမျိုးလည်း မဟုတ်ရ။

ငိုချလိုက်ရတော့မလား?

ဟော့ရှီးက အခုလေးတင် ဖန်းပိုင် သူ့အား ကမ်ရပေးလိုက်သည့် အမှတ်စာရင်းကို ရှန့်ချောင်ထံ လှမ်းပေးရင်း ရယ်ချင်စိတ်ကို ထိန်းကာ

"ဘာသာရပ်တွေကို ခွဲခြားဆက်ဆံတာတော့ မင်း နည်းနည်းလွန်တာပေါ့"

ရှန့်ချောင် ခပ်မြန်မြန်လှမ်းယူလိုက်ပြီးနောက် ဖွင့်ဖတ်သည်။

တရုတ်ဘာသာ - ၉၃မှတ်၊ သင်္ချာဘာသာ - ၁၀၇မှတ်၊ အင်္ဂလိပ်ဘာသာ - ၁၃၉မှတ်၊ ဇီဝဗေဒ - ၇၂ မှတ်၊ ဓာတုဗေဒ - ၅၃မှတ်၊ ရူပဗေဒ - လေးဆယ့်ငါးမှတ်.....

သူမ တကယ့်ကို ခွန်အားကို အသုံးချပြီး အားနည်းချက်အား ရှောင်လွှဲနိုင်ခဲ့သည်ပင်။  သူမ ကျောင်းတက်နေစဉ်အတွင်း ရူပဗေဒအား ကောင်းကောင်း မသင်ယူနိုင်ခဲ့ပေ။ သူမ၏ ဘဝအသစ်၌လည်း ဒီဘာသာရပ်နှစ်ခုမှာ သူမအတွက် အပင်ပန်းရဆုံးသော ဘာသာများဖြစ်နေသေးသည်။

သူမ၏ ဒုက္ခရောက်နေသည့် မျက်နှာကို မြင်လျှင် ဟော့ရှီးက သူမခေါင်းကို ပုတ်ကာ နှစ်သိမ့်လာသည်။

GTKWF (Myanmar Translation )Where stories live. Discover now