Chapter 106

1.7K 253 41
                                    

{Unucode}

အပိုင်း ၁၀၆

[ကျုံးရှန်း ဂရုချက်မှ ထွက်သွားပါသည်]

[ရှန့်ချောင်မှ ကျုံးရှန်းအား ဂရုထဲသို့ ပြန်ထည့်လိုက်ပါသည်]

ကျုံးရှန်း - "ငါ့ကို ဘာလို့ ပြန်ထည့်တာလဲ!!!! ငါ အွန်လိုင်းပေါ်ကနေ ခွေးစာမစားချင်ဘူး! ဖူဖူ...မင်းလည်းတူတူပဲ၊ ငါနဲ့ အတူသွားမယ်... လာ!!"

ဖုကျီချင်း - "နှစ်ယောက်စလုံးရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်"

ဟော့ရှီး - "ကျေးဇူးတင်ပါတယ်"

ရှန့်ချောင် - "ဟမ့်!"

ကျုံးရှန်း - "ငါ လက်မခံဘူး!! မင်းတို့ ဘာလိုတွဲသွားတာလဲ? ဟော့ရှီး မင်း ဖန်ကိုတောင် အလွတ်မပေးရလောက်အောင် ရူးနေပြီလား? မင်းအပြုအမူကို ဘယ်လိုခေါ်လဲ သိရဲ့လား?!!"

[ကျုံးရှန်းအား ဖုကျီချင်းက ဂရုထဲမှ ဖယ်ထုတ်လိုက်သည်။]

ဖုကျီချင်း - "........ သူ ပြောတာ ဂရုမစိုက်နဲ့... သူက ရူးနေတာ၊ မင်းတို့ ဘယ်ချိန်ကျ တရားဝင်ချပြမှာလဲ?"

ရှန့်ချောင် - "နိုး... နိုး...နိုး.... တရားဝင်မချပြဘူး.. ဖူဖူ... နင် ကျိန်းသေပေါက် လျို့ဝှက်ပေးထားရမယ်နော်"

ဟော့ရှီး - "အချိန်ကောင်းရောက်ရင်"

သူတို့အားလုံး အတန်ကြာ စကားစမြည်ပြောဆိုပြီးနောက် ကိုယ်စီကိုယ်ဌ လုပ်စရာကျန်နေသေးသည်မို့ လူစုခွဲလိုက်ကြသည်။ အွန်လိုင်းပေါ်မှ မဆင်းခင် ရှန့်ချောင်စိတ်ထဲ၌ တစ်ခုခုလုပ်စရာကျန်နေသေးသည်ဟု ခံစားရသော်လည်း သူမ တွေးတော၍ မရချေ။

ညနေစောင်းချိန် ကျုံးရှန်းထံမှ သူငယ်ချင်းအဖြစ်မှ ရပ်စဲမည့် မက်ဆေ့ချ်ရချိန်မှသာ သူ့အား ဂရုထဲ ပြန်ထည့်ရန် လုံးလုံးမေ့သွားကြောင်း အမှတ်ရသွားသည်။

ရှန့်ချောင် ကျုံးရှန်းထံ သီးသန့် မက်ဆေ့ချ်ပို့လိုက်သည်။

"နင် တကယ်လို့ မဟုတ်တာ ထပ်ပြောရင် ငါတို့ သူငယ်ချင်းအဖြစ်က ပြတ်ပြီ"

ကျုံးရှန်း - "နင်က တကယ့်ကို အချစ်နဲ့တွေ့တော့ သူငယ်ချင်းတွေကို မေ့သွားတဲ့ ဝက်မကြီး၊ ဝူးဝူးဝူး..... ငါ့ချောင်ချောင်တော့ ဒီလိုနဲ့ ပြန်ပေးဆွဲခံလိုက်ရပြီ... ဝူးဝူးဝူး.... ငါ လက်မခံဘူး"

GTKWF (Myanmar Translation )Where stories live. Discover now