Chapter 33

1.8K 233 8
                                    

{Unicode}

အပိုင်း ၃၃

'ဖူဆောရီး' အကောင့်မှ ဟော့ရှီးရှိုးပွဲ၏ HD ဓါတ်ပုံများကို ထပ်တင်လာပြီး နေရာရှုထောင့်အနေအထားမှာ အလွန်တရာကောင်းမွန်လှသည်။ ဓါတ်ပုံများကို ပရော်ဖက်ရှင်နယ်ကျကျ ရိုက်ကူးထားခြင်းဖြစ်ကာ ပြန်လည်ပြင်ဆင်ထားသည့်လက်ရာမှာလဲ ထိပ်တန်းဖြစ်သည်မို့ တခြားအကောင့်အတော်များများကို မယှဉ်သာဖြစ်သွားစေသည်။

ရှီးကွမ်းအားလုံးက ထိုပို့စ်ကို share ကာ တစ်ယောက်ပြီး တစ်ယောက် စကရင်ကို လျက်လုနီးပါး။

[ဆရာမကြီး ထပ်လာပြီ!! နောက်ဆုံးပုံက သူ့ရဲ့ အကောင်းဆုံးလက်ရာပဲ!!]

[သူက ဘာလို့ အခေါက်တိုင်း ပထမဆုံးတန်းရဲ့ အလယ်နေရာမှာ ရတာလဲ? မနာလိုလိုက်တာ!! အားကျလိုက်တာ!!]

[အဓိက အကြောင်းက ဒီပုံတွေက ရှိုးပွဲအတွက်ချည်းပဲ၊ နောက်ဆုံးပိုစ့်တုန်းကလဲ အရင်တခေါက် ရှိုးပွဲက ဓါတ်ပုံတွေ]

[ဒါက ရှီးကွမ်းလား၊ ဖြတ်သွားဖြတ်လာဖန်လား၊ ပရော်ဖက်ရှင်နယ်လား?]

[ဖြစ်နိုင်တာက ဖြတ်သွားဖြတ်လာဖန်ပဲ၊ ID မှာ ဟော့ရှီးကို ကောင်းချီးပေးတဲ့ စာလုံးပါနေတာ]

[ဒီဆရာမက စာရင်းမဝင်ဘူး၊ မဲမပေးဘူး၊ log in မဝင်ဘူး၊ ပြီးတော့ ဟော့ရှီးရဲ့ Weibo ကိုတောင် ပြန်မ share ဘူး၊ ပရိသတ်ရဲ့ အရည်အချင်းဆိုတာ ဘယ်နားမှာလဲ?]

[ဘယ်လိုပဲဖြစ်ဖြစ် Anti ဖန်တော့ မဟုတ်ဘူးလေ၊ စျေးကြီးတဲ့လက်မှတ်ဝယ်ပြီး ပေါင်ပေ့ရဲ့ ဓါတ်ပုံတွေကို ဒီလောက်လှလှပပရိုက်တာ မဖြစ်နိုင်ဘူးလေ]

........

.....

....

ရှန့်ချောင် ဓါတ်ပုံများကို ပြင်ပြီးသည်နှင့် ဝတ်စုံတစ်စုံချင်းဆီအတွက် ဓါတ်ပုံများ တင်လိုက်ကာ ကွန်မန့်ဖတ်ချိန်တွင် လူတိုင်းက သူမ၏ ပရိသတ်အရည်အချင်းကို မေးခွန်းထုတ်နေမှန်း မြင်လိုက်ရတာမို့ သူမ ချက်ချင်းပိုစ့်တင်လိုက်သည်။

[ငါက ရှီးကွမ်းပါ၊ အလုပ်များတဲ့သူမို့လို့ ရှိုးပွဲတွေပဲ လိုက်ကြည့်နိုင်တာမို့လို့ပါ၊ ဒါပေမဲ့ ငါ အခုကစပြီး Weibo ကို ပိုအချိန်ပေးပြီး ပေါင်ပေ့ကို စာရင်းဇယားတွေထဲ ဝင်အောင် မဲပေးပါ့မယ်]

GTKWF (Myanmar Translation )Where stories live. Discover now