Chapter 141.2

825 161 20
                                    

{Unicode}

အပိုင်း ၁၄၁.

ရှန့်ချောင် ချက်ချင်းပင် ကျောက်တိုင်နောက် ပုန်းကွယ်လိုက်ကာ ဆိုရှယ်လစ်အခြေခံသဘောတရားအချို့ကို တိတ်တဆိတ် ရွတ်ဆိုလိုက်ပြီးနောက် နောက်လှည့်မပြေးမိစေရန် အံကြိတ်လိုက်သည်။ ရေသံတချို့ ကြားလိုက်ရပြီးနောက် ရှန့်ချောင် နှလုံးခုန်သံမြန်လာကာ လှေငယ်သည်လည်း ကမ်းစပ်သို့ နီးကပ်လာသည်။

ရှန့်ချောင် တိတ်တဆိတ် ခေါင်းပြူကြည့်လိုက်လျှင် လှေဦးထိပ်၌ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူရွယ်တစ်ဦးက ခါးထက် ဓါးချိတ်ကာ လက်ထဲတွင် ချိန်းကြိုးတစ်ချို့ ကိုင်ဆောင်ထားသည်။

လူရွယ်က လှေလှော်လာသည့် အဘိုးအိုထံ လက်သီးဆုပ်၍ အရိုအသေပေးလိုက်ပြီးနောက် အဘိုးအိုက ဖြေးညှင်းစွာဆိုသည်။

"ဒါက အတိတ်ဘဝ မြစ်ရေပဲ၊ ငါ ဒီကို ပြန်လာမှာမဟုတ်ဘူး၊ မင်း ဒီလှေပေါ်က ဆင်းလိုက်တာနဲ့ နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး"

အဖြူရောင်ဝတ်ရုံနှင့် လူရွယ်က တည်ငြိမ်သည့် လေသံဖြင့်

"ကျွန်တော် ဒီလမ်းကို ရွေးပြီးမှတော့ ပြန်လှည့်ဖို့ တစ်ခါမှ စိတ်မကူးထားပါဘူး"

သူ စကားဆိုပြီးသည်နှင့် လူရွယ်က လှေဦးထိပ်မှ ခုန်ဆင်းလိုက်သည်။

အဘိုးအိုက ပြုံးရင်း

"မင်းလက်ထဲက ဝိညာဉ်ချုပ်ကြိုးကို ကျိန်းသေဝတ်ထားရမယ်၊ မြေအောက်ကမ္ဘာက သရဲတွေ အနံ့မခံမိစေနဲ့"

ဝတ်စုံဖြူနှင့် လူရွယ်က ထပ်မံ၍ လက်အုပ်မိုးကာ ကျေးဇူးတင်စကားဆိုလာပြီးနောက် တုံ့ဆိုင်းတွေဝေခြင်းမရှိ အရှေ့ဘက်သို့ ဆက်လျှောက်သွားသည်။

ရှန့်ချောင် ရုတ်ခြည်းဆိုသလို ကျောက်တိုင်နောက်မှ ခုန်ထွက်ကာ

"ရပ်စမ်း!"

ဝတ်ရုံဖြူလူငယ်မှာ ထိတ်လန့်သွားရကာ သူမထံ စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်လာသည်။

"မင်း ဘယ်သူလဲ? ဒီမှာ ပုန်းပြီး ဘာလုပ်နေတာလဲ?"

အစီအစဉ်၏ အရံသရုပ်ဆောင်များ၏ သရုပ်ဆောင်စွမ်းရည်မှာ ကောင်းမွန်လှသည်ဟု ရှန့်ချောင် စိတ်ထဲ တိတ်တဆိတ် ချီးကျူးစကားဆိုမိသော်လည်း သူမကိုယ်သူမ အရှက်ရစေနိုင်သည်မျိုး မဟုတ်သည်မို့ ထိုလူရွယ်လေသံအတိုင်း တုပကာ

GTKWF (Myanmar Translation )Where stories live. Discover now