Chapter 30

2K 242 13
                                    

{Unicode}

အပိုင်း ၃၀ | သူ့အတွက် နံရံပါ ဖြိုရဲတယ်

ဖန်းပိုင်ထွက်သွားပြီးမကြာခင်တွင် ကုတင်ပေါ်ရှိ ရှန့်ချောင်၏ ဖုန်းက တိတ်တဆိတ်မီးလင်းလာသည်။

ဟော့ရှီး ကောက်ယူလိုက်ကာ ခေါ်ဆိုလာသူမှာ ကျုံးရှန်း။ သူ ဖုန်းဖြေလိုက်ချိန်တွင် တဖက်မှ ခပ်မြန်မြန်စကားစလာသည်။

"ချောင်ချောင်၊ နင် ဘာဖြစ်တာလဲ? နင်အဆင်ပြေရဲ့လား?"

"ငါ ဟော့ရှီး၊ သူ အဆင်ပြေတယ်"

"......"

ကျုံးရှန်းက တစ္ဆေသရဲမြင်တွေ့လိုက်ရသူလိုမျိုး သူ့ဖုန်းကို ပြန်ကြည့်လိုက်သည်။ သူက တိုက်ရိုက်ထုတ်လွှင့်နေဆဲဖြစ်တာမို့ လက်လွတ်စပယ်မပြောရဲချေ။ တွန့်တွန့်ဆုတ်ဆုတ်ဖြင့်ပင် သူက

"ဪ... ဒါဆို ကောင်းပြီ"

ဟော့ရှီးက သူစိတ်သက်သာရာရစေရန် အခြေအနေကို အကြမ်းဖျင်းရှင်းပြသည်။ ထို့နောက် ကျုံးရှန်း ဖုန်းချသွားသည်။

ဟော့ရှီး ဖုန်းကို ကုတင်ပေါ် ပြန်တင်လိုက်ကာ သူ့အကြည့်က ဖုန်းစကရင်ပေါ် ဝေ့ဝဲသွားပြီးနောက် သူ့တကိုယ်လုံး အေးခဲသွားသည်။ ဖုန်းကို ပြန်ကောက်ယူလိုက်ပြီး ဖုန်းမျက်နှာပြင်ပေါ် လက်ချောင်းဖြင့် တို့ထိလိုက်သည်။

ဖုန်းမျက်နှာပြင်ပေါ်ရှိ ပုံမှာ သူ့ပုံ။

ဒီဓါတ်ပုံက ဉာဏ်သုံးကာ အသုံးပြုထားခြင်းဖြစ်သည်။ သူ၏ ကြည်လင်ပြတ်သားနေသော အရည်အသွေးမြင့် ဓါတ်ပုံမဟုတ်ချေ။ ဓါတ်ပုံမှာ စတိတ်စင်ခပ်ဝေးဝေးမှ ရိုက်ကူးထားကာ ပုံထဲတွင် သူက မိုက်ခရိုဖုန်းကိုင်ကာ အဝေးသို့ လှမ်းကြည့်နေသည်။ စတိတ်စင်ပေါ်တွင် မီးမှောင်ကျနေပြီး သူ့ပုံရိပ်ကို ဝန်းရံထားသည့် တောက်ပသည့်အလင်းရောင်သာရှိသည်- ဒီအလင်းရောင်မှာ သူ့ပရိသတ်များထံမှ ထွက်ပေါ်လာသည့် အလင်းရောင်။ ဒီမြင်ကွင်းမှာ ညအခါတွင် သူ့အားဝိုင်းပတ်ကာ ကြယ်များကြွေကျလာလေဟန်။

လူအများစုက ဒီပုံမှာ သူဖြစ်မှန်း မသိနိုင်ချေ။

ဆေးရုံကုတင်ပေါ်ရှိ မိန်းကလေးကို သူ ကြည့်လိုက်သည်။ တဖက်လူမှာ တခုခုကို ခံစားနေရဟန်ဖြင့် မျက်မှောင်တွန့်ချိုးနေပြီး နိုးလာတော့မည်ပုံ။ ဟော့ရှီး ဖုန်းကို နေရာတကျပြန်ထားလိုက်ကာ ခြေနှစ်လှမ်း နောက်ဆုတ်လိုက်သည်။

GTKWF (Myanmar Translation )Where stories live. Discover now