Chapter 87

1.8K 290 49
                                    

{Unicode}

အပိုင်း ၈၇

နောက်တနေ့မနက် ရှန့်ချောင် စတူဒီယိုသို့ ရောက်ရှိလာချိန်တွင် သူမနှင့် တွေ့ဆုံသမျှ လူတိုင်းမှာ ဖရုံစေ့ကိုက်လိုသည့် အကြည့်တို့နှင့်ဖြစ်သည်။

တိတ်တဆိတ်မင်္ဂလာပွဲ သတင်းအား ချေဖျက်လိုက်နိုင်သော်လည်း အိုင်ဒေါလ်နောက်လိုက်သည့် သတင်းမှာလည်း အလွန်တရာ စိတ်ဝင်စားဖွယ်ပင်! နာမည်ကြီး အမျိုးသမီးအနုပညာရှင်တစ်ယောက်အနေဖြင့် အင်တာနက်ပေါ်တွင် အိုင်ဒေါလ်နောက်လိုက်သူအနေဖြင့် လူသိများခြင်းမှာ 'နိုင်ငံ့သမိုင်းတွင် အားအကြီးဆုံးသော အိုင်ဒေါလ်နောက်လိုက်သူ' ဟု သတ်မှတ်နိုင်သည်။ ထို့ပြင် 'အိုင်ဒေါလ်နောက်လိုက်သူများ၏ ကိုယ်စားလှယ်' 'အင်တာနက်လောကတစ်ခုလုံးတွင် အိုင်ဒေါလ်လိုက်ခြင်း၏ စံပြပုဂ္ဂိုလ်' ဟုလည်း ခေါ်နိုင်သည်။

ရှန့်ချောင်က မျက်နှာသေဖြင့်

"ငါ့ Mask ဘယ်မှာလဲ?"

ဖန်းပိုင် - "ချောင်ချောင် ဖုံးမနေနဲ့တော့၊ အသုံးမဝင်ဘူး၊ အမှန်တော့ ဒီကိစ္စပေါ်သွားတာလည်း ကောင်းပါတယ်၊ နောင်ကျရင် နင် ရှိုးပွဲသွားတဲ့အခါ ခိုးကြောင်ခိုးဝှက်လုပ်စရာမလိုတော့ဘူးပေါ့၊ ဟော့ရှီးအပေါ်ကိုလည်း ပေါ်တင် ကောင်းပြလို့ရတယ်၊ မကောင်းဘူးလား?"

ရှန့်ချောင် - "......"

သူ့စကားမှာ အကျိုးအကြောင်းဆီလျှော်လွန်းလှသဖြင့် အငြင်းစကားပင် မဆိုနိုင်ချေ။

ယနေ့တွင် တရားရုံးအတွင်း ဇာတ်ဝင်ခန်းများအား ပြီးအောင် ရိုက်ကူးရမည်ဖြစ်သည်။ မနေ့က နေ့လယ်ပိုင်းတွင် ဟော့ရှီး၏ တကိုယ်တော်ဇာတ်ဝင်ခန်းများ အကုန်ရိုက်ကူးပြီးနှင့်ပြီးဖြစ်သဖြင့် ကျန်ရှိသည့် ဇာတ်ဝင်ခန်းအများစုမှာ ရှန့်ချောင်၏ ဇာတ်ဝင်ခန်းများဖြစ်သည်။ ဟော့ရှီးနှင့် အတူတွဲသရုပ်မဆောင်ရသရွေ့ ရှန့်ချောင်က တခါတည်းဖြင့် အကုန်ရိုက်ကူးပြီးစီးနိုင်သည်။ ကော်ရစ်တာအတွင်း ထိပ်တိုက်ရင်ဆိုင်မှုအခန်းအား ပြန်လည်ရိုက်ကူးမှု စတင်ချိန်တွင် ရိုက်ကွင်းပေါ်ရှိ လူအားလုံး ပင့်သက်ရှိုက်လာကြ၏။

GTKWF (Myanmar Translation )Where stories live. Discover now