Chapter 50

1.9K 258 13
                                    

{Unicode}

အပိုင်း ၅၀

ရှန့်ချောင် စိတ်ထဲတွင် ရုတ်ချည်းပင် တချိန်က သွေးမုန်တိုင်းတိုက်ခဲ့သည့် ရှီးကွမ်းနှင့် ယီးရန် တို့အကြားရှိ တိုက်ပွဲကို အမှတ်ရလိုက်သည်။

(T/N - ယီးရန် = ရှန်ကျွင့်ယီးရဲ့ ဖန်ဒမ်းနာမည်ပါ။ ယီိး人 ၊ ရှန်ကျွင့်ယီးရဲ့ လူပေါ့)

စာရင်းဇယားများကို ညလုံးပေါက် ကာကွယ်တိုက်ခိုက်၊ တစ်ယောက်နဲ့ တစ်ယောက် အွန်လိုင်းပေါ်တွင် အပုပ်ချရန် ငွေသုံး၊  ထို့ပြင် အပြင်ရှိုးအစီအစဉ်များတွင် မျက်နှာချင်းဆိုင်တွေ့ချိန်တွင်လည်း အတူတကွလက်တွဲကာ တိုက်ခိုက်ပြီး တဖက်လူ၏ အော်သံများ ပျောက်ကွယ်သွားသည်အထိ ကိုယ်ပိုင်အိုင်ဒေါလ်နာမည်ကို အော်ဟစ်ကြသည်။

သူမရှေ့ရှိ ပြုံးနေသည့် လက်သည်တရားခံတစ်ယောက်၏ မျက်နှာကို ကြည့်လိုက်သည်။

ရှန့်ချောင် သူ့ဖုန်းကို ပြန်ပေးလိုက်သည်။

"စီနီယာရှန်၊ ကျွန်မတို့က မရင်းနှီးဘူး၊ ရှင်ဒီလိုလုပ်တာ မှန်တယ်မထင်ဘူး၊ ရှင့်ကို ကူညီဖို့ အစားထိုး တိုက်ပေးမဲ့သူ ရှာပါလား?"

ရှန်ကျွင့်ယီးက စိတ်ပျက်သည့်မျက်နှာဖြင့် ဖုန်းပြန်ယူကာ သက်ပြင်းချရင်း ဆိုသည်။

"ငါ အဲ့လို လုပ်ပြီးပြီ၊ ဒါပေမယ့် ငါ အားလပ်ရက်ယူပြီး ကိုယ့်ဘာသာဆော့တာနဲ့ Silver ဆီ ပြန်ကျတာပဲ၊ ဟေး.. ငါ ဒီလောက်ညံ့တာ ငါ့အပြစ်မဟုတ်ဘူး"

(အိုးးး... ဒီလိုဆိုတော့ နင်က နင်အသုံးမကျတာ သိသေးသားပဲ)

သူက နောက်တွန့်ရင်း ဆိုသည်။

"ဒါဆို တပွဲလောက် ဆော့ကြမလား?"

ရှန့်ချောင် - "....."

သူမ၏ ကံတရားကို လက်ခံလိုက်ကာ သူ့ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်။

အဖွဲ့အောင်မြင်စွာ ဖွဲ့ပြီးသည့်နောက် ရှန့်ချောင်က ပထမဦးစွာ Assassin ကို ရွေးချယ်သည်။ ရှန်ကျွင့်ယီး ခဏစောင့်ပြီး သူ့အသင်းသားအားလုံး ရွေးချယ်ပြီးသည်ထိ စောင့်ကြည့်ပြီးမှ Mage ကို ခပ်ဖြည်းဖြည်း ရွေးချယ်သည်။

GTKWF (Myanmar Translation )Where stories live. Discover now