Chapter 28

1.9K 248 11
                                    

{Unicode}

အပိုင်း ၂၈ | နင့်ပရိသတ်တွေကို နင့်မျက်နှာ သွားပြလိုက်ဦး

Variety Show တွင် နှစ်ရက်မျှနေထိုင်ပြီးနောက် ရှန့်ချောင်၏ စိတ်အခြေအနေမှာ မူလအတိုင်းပြန်ဖြစ်လာသည်။ သူမ၏အလှတရားမှာလည်း အရင်တိုင်းပြန်ဖြစ်လာကာ သူမမျက်နှာက နောက်ထပ်အလှတန်ဖိုးတစ်ခု ထပ်တိုးလာသည်။ သူမ Weibo follower အရေအတွက်မှာ နေ့စဉ်တိုးတက်နေသည်ဟု ဆိုကြကာ မကြာမှီမှာပင် 8 မီလီယံ ပြည့်သွားသည်။

[ချာချာက သူမထံ မက်ဆေ့ချ်ပို့လာသည်။ 'ဥက္ကဌ၊ ပရိသတ် 8 မီလီယံပြည့်တဲ့အတွက် ချောင်ချောင်ဆီက လက်ဆောင်တောင်းပေးပါလား၊ သူ့နာမည်က တဖြည်းဖြည်းတက်နေတာ၊ ပရိသတ်များတာ အရေးကြီးတယ်!!]

ရှန့်ချောင် စဉ်းစားကာ သဘောတူလိုက်သည်။

ရှန့်ချောင်၏ Weibo acc ထံမှ ပိုစ့်အသစ်တက်လာဖို့ ကြာကြာ မစောင့်လိုက်ရချေ။

@ShengQiao: Follower  ၈ မီလီယံပြည့် အထိမ်းအမှတ်။ ဂိမ်းထဲ Penta kill ယူပြခြင်း

အောက်မှာ အတူတွဲတင်လာသည်မှာ Honor of kings မှ ဗီဒီယိုဖြစ်သည်။ ရှန့်ချောင်၏ ဟီးရိုးမှာ သူ့အနီရောင်အရိပ်နှင့်အတူ မည်သည်ကိုမှ အသက်ရှင်ချန်မထားသော အာကီ နတ်ဆိုးဖြစ်သည်။ သူမက ကျားတစ်ကောင်လို လက်ရဲဇက်ရဲရှိကာ Penta kill ကို လွယ်လင့်တကူ ယူသွားသည်။

အင်တာနက်အသုံးပြုသူများ - [Awesome!!]

ပရိတ်သတ်များ - [ဝူး..ဝူး.ဝူး... တခြားသူတွေက လက်ဆောင်အနေနဲ့ သူတို့ဆယ်လ်ဖီပုံတင်ကြတယ်။ ငါတို့ကတော့ အေးစက်တဲ့ သတ်ဖြတ်မှု ဗီဒီယိုကို ကြည့်နေရတယ်]

***
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ပေါ့ပါးလွယ်ကူပြီး ပျော်စရာကောင်းလှသည်။ ထိုကဲ့သို့ စိတ်သက်သောင့်သက်သာဖြစ်စေသော ရှိုးအစီအစဉ်ကို ကောင်းမေလင်က ရှန့်ချောင်ကို ဘယ်ခံစားခွင့်ပြုမလဲ? ထို့ကြောင့် နှစ်ရက်အကြာတွင် ဖန်းပိုင်က ရိုက်ကူးရှိရာဆီ မျက်နှာမဲမှောင်လျက် ရောက်လာပြန်သည်။

"ကြယ်ပွင့်ပြိုင်ပွဲ?"

လက်ရှိ Variety show အစီအစဉ်နာမည်များမှာ ပို၍ ပို၍ ဖန်စီကျလာသည်ဟု ရှန့်ချောင် ခံစားရသည်။

GTKWF (Myanmar Translation )Where stories live. Discover now