Chapter 70.2

1.5K 210 19
                                    

{Unicode}

အပိုင်း ၇၀.

မိဖုရားက ပြတင်းပေါက်ဘေးရပ်ကာ ထိုမြင်ကွင်းကို မလှုပ်မယှက်ကြည့်ရှုနေသည်။ အတန်ကြာမှ နောက်သို့ ဖြေးညှင်းစွာ ပြန်လှည့်လာသည်။ ရှန့်ချောင် တွေးထင်ထားသည်မှာ သူမက လူကို ဆွဲထုတ်ကာ သတ်ပစ်မည်ဟု ထင်ထားခဲ့ခြင်း။ သို့သော် မိဖုရားငယ်က အနည်းငယ် မျက်မှောင်ကြုတ်ရင်း မျက်ရည်တစက်မကျသော်လည်း မျက်ဝန်းတို့ နီရဲလျက်ရှိသည်။ မည်သူကို မေးသည်ဟု မဆိုသာပဲ ရေရွတ်နေဟန် မေးမြန်းလာသည်။

"သူ့ကို အရှင်က ဘာတွေ သဘောကျတာလဲ?"

မိဖုရားငယ်ပုံစံမှာ အမှန်တကယ် ပဟေဠိဖြစ်နေပုံရသည်။

"သူက စာတောင်မဖတ်တတ်ဘူး၊ ကျားမထိုးတတ်သလို လက်ရေးလှနဲ့ ပန်းချီလည်း မဆွဲနိုင်ဘူး၊ ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ သနားစရာ ဖြစ်နေလား?"

တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးလျှင် ထိုသူ၏ အားနည်းချက်များသည်ပင် အားသာချက်များ ဖြစ်သွားလေသလား?

သူမက ရှန့်ချောင်ထံ မော့ကြည့်ရင်း မေးသည်။

"ဒါဆို ငါကရော?"

ရှန့်ချောင် - "......"

ကွေ့ဖေးက နူးနူးညံ့ညံ့ပြုံးလိုက်ပြီး နောက်ဆုံးတွင် နောက်လှည့်ကြည့်လာသည်။

"သူက ငါနဲ့ အမြဲတိုက်ခိုက်နေတာ၊ ငါ့အလှကို မနာလိုပြီး ငါ့မိသားစုအရှိန်အဝါကို အားကျတယ်၊ ငါ့နေရာကို အလိုရှိတယ်၊ ဒါပေမယ့် သူ မသိတာက ငါက အရှင့်ဆီက အချစ်ခံနေရတဲ့ သူ့ကို မနာလိုဘူးဆိုတာပဲ"

မိဖုရားက ချင်းယွမ်နန်းဆောင်မှ ပြန်လည် ထွက်ခွါလာသည်။

ရှန့်ချောင်ရော ကျီကျားယို့ပါ ဘယ်သွားရမှန်း မသိတော့ချေ။

ဧည့်သည်ခြောက်ယောက်အနက် သုံးယောက်မှာ အစားခံရပြီးဖြစ်သည်။ ကျန်ရှိသည့် နောက်တစ်ယောက်ဖြစ်သည့် ဖန်းကျီကား တစ်နေရာရာသို့ ထွက်သွားသည်။ သူမတို့နှစ်ယောက်စလုံး ဖန်းကျီကို အရင်ဆုံးရှာဖွေပြီးမှ ဘာဆက်လုပ်ရမလဲ စဉ်းစားမည်ဟု ဆုံးဖြတ်သည်။

GTKWF (Myanmar Translation )Where stories live. Discover now