Chapter 146

988 185 19
                                    

{Unicode}

အပိုင်း ၁၄၆

ရိုက်ကူးရေးပြီးဆုံးပြီးနောက် ရှန့်ချောင် ပေကျင်းဆီ ပြန်ကာ နောက်တစ်နေ့တွင် ကျောင်းတက်သည်။

ဤသည်မှာ ကျောင်းဝင်ခွင့်ရရှိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကျောင်းဝင်းအတွင်း သူမ ပေါ်ထွက်လာခြင်းဖြစ်ရာ အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။ ဌာနအတွင်းရှိ ဆရာများအားလုံးမှာ သူမ၏ လက်ရာဒီဇိုင်းများအား မြင်တွေ့ပြီးဖြစ်ကာ ကိုယ်တိုင်ဆွဲပုံကြမ်းသာမက ကွန်ပြူတာမှတဆင့် ရေးဆွဲထားသည့် နမူနာများသည်ပင် အလွန်အမင်း ပရော်ဖက်ရှင်နယ်ကျလှသည်။ ဆရာများအားလုံးက စာသင်နှစ်ဝက်စာ သူမ၏ ပျက်ကွက်မှုများအား နားလည်ကြောင်းဆိုသည်။

ရုပ်ရှင်ရိုက်ကူးပြီးကာစဖြစ်သည်မို့ ပေ့မင်းဖန်က သူမအတွက် အလုပ်သစ်လက်ခံထားခြင်း မရှိပေ။ သူမက တရုတ်နှစ်ကူးချိန်ထိ စောင့်ကြည့်ရန် ဆုံးဖြတ်ထားကာ ဆောင်းရာသီအားလပ်ရက် ယူလျက်ရှိသည်။ နောင်လာသည့်နေ့ရက်များသည်ကား စနေ၊တနင်္ဂနွေပိတ်ရက်များတွင် အလုပ်လုပ်၍ ကြားရက်များတွင် ကျောင်းတက်ခြင်းပင်။

ရှန့်ချောင်မှာ ကျောင်းအဆောင်တွင် နေထိုင်ခြင်းမရှိသည်မို့ အခန်းဖော်မရှိသော်လည်း သူမ၏ အတန်းဖော်များမှာ ဖော်ရွေလှသည်။ အတန်းထဲတွင် သူမ၏ ပရိသတ် ဖန်ဘွိုင်းတစ်ဦးပင် ရှိသေးသည်။ ထိုဖန်ပရိသတ်မှာ နှစ်စအတန်းချိန်မှ ယခုထိတိုင် အတန်းတွင်းမှတ်စုများအား ကော်ပီကူးပေးထားကာ သူမ အတန်းပြန်တက်ချိန်တွင် လာပေးသွားသည်။

ဤသည်မှာ ပရိသတ်များ၏ ချစ်ခြင်းတရားပင်။

တခါတရံ ဟော့ရှီးက သူ၏ လူမသိသည့် အနက်ရောင် Audi ကားဖြင့် သူမအား လာကြိုလေ့ရှိသည်။ အမြဲတစေ ကျောင်းအနား စခန်းချနေတတ်သော သတင်းထောက်များ ဓါတ်ပုံရိုက်မိသွားမည်ကို စိုးရိမ်သဖြင့် ရှန့်ချောင်မှာ စပိုင်ကားများထဲကလိုပင် တကွေ့တပတ် ပတ်ပြီးမှသာ သူ့ကားထဲ ဝင်ရဲသည်။

ဟော့ရှီးက သူမ၏ ခိုးကြောင်ခိုးဝှက်အပြုအမူကို အေးစက်စက်မျက်လုံးများဖြင့် ကြည့်လေ့ရှိသည်။ သူမ ထိုင်ခုံပေါ် ငြိမ်ငြိမ်ထိုင်ပြီးသည်နှင့် သူက သူမအား ထိုင်ခုံပေါ် ဖိကပ်နမ်းရင်း

GTKWF (Myanmar Translation )Where stories live. Discover now