Chapter 82

1.7K 282 82
                                    

{Unicode}

အပိုင်း ၈၂

အနုပညာရှင်များအတွက် ဤကဲ့သို့သော အားပေးထောက်ခံမှုမျိုးမှာ ပုံမှန်အားဖြင့် ရန်ပုံငွေ မတည်ရန် လိုအပ်ပြီး Fan station များက ထိုရန်ပုံငွေအတွက် ဖန်ပစ္စည်းများ ရောင်းချကာ ရှာဖွေလေ့ရှိသည်။ များစွာသော ဖန်ဆိုဒ်များက တနှစ်တာပတ်လုံးတွင် ရရှိခဲ့သည့် သူတို့၏ အမြတ်အစွန်းများကို မွေးနေ့ပွဲထောက်ခံအားပေးမှုများတွင် သုံးကာ သူတို့အိုင်ဒေါလ်ကို ကြော်ငြာပေးလေ့ရှိသည်။

ပို၍ ကြီးမားကျယ်ပြန့်ကာ မိမိုက်သည့် အားပေးထောက်ခံမှုများ ရှိသော်လည်း အများစုမှာ အဖွဲ့လိုက် စုပေါင်း ပါဝင်ပေးထားခြင်းဖြစ်သည်။ ဖူဆောရီးကဲ့သို့သော တစ်ဦးချင်းထောက်ခံအားပေးသူဖြစ်သည့်အပြင် အမြတ်အစွန်းမရှာဖွေသော၊ ရန်ပုံငွေ မကောက်ခံသည့် တစ်ဦးတည်း ကုန်ကျခံသူများကား ရှားပါးလှသည်။

ထိုမျှသာမက သူမက မြေအောက်ရထားလိုင်းတစ်လျှောက် ကြော်ငြာများသာမက ရထားဂိတ်ဝင်ပေါက်များ၏ ဘေးနှစ်ဖက်ရှိ ကြော်ငြာဆိုင်းဘုတ်များကိုပါ ဌားရမ်းထားသည့်အပြင် ဓါတ်လှေကားနေရာမှစကာ ရထားဂိတ်သို့ ဝင်ရာ လမ်းတစ်လျှောက်၊ ရထားတွဲတွင်း ဝင်ရောက်ပြီး မြင်ရသည့် ဘေးနှစ်ဖက်မှ ကြော်ငြာဘုတ်များကိုပါ ဌားယူထားခဲ့သည်။ အကြမ်းဖျင်းတွက်ချက်လျှင်ပင် ကုန်ကျငွေမှာ ယွမ်တစ်မီလီယံခန့်မှ စတင်ပေမည်။

အားးးး.... ငါ ဖူဆောရီးနဲ့ သူငယ်ချင်း ဖြစ်ချင်လာပြီ။

ရှီးကွမ်းများ - "ဓါတ်ပုံပြင်ပေးနိုင်တဲ့ ဆရာမကြီး ဖြစ်ရုံသာမက သူမက ငွေသုံးကြမ်းသူလည်း ဖြစ်နေသေးသည်၊ ပျော်စရာကြီး"

လျန်ရှောင်ထန် - "သူ ဘယ်သူလဲ နင်တို့ သိသွားရင် ငိုသွားလိမ့်မယ်"

........
ဟော့ရှီးက ခမ်းနားသည့် ကျင်းပမှုမျိုးကို သဘောမကျမှန်းသိတာမို့ စတူဒီယိုက သူ့အတွက် ကိတ်မုန့်တစ်လုံးဝယ်ပေးကာ ရိုးရှင်းသည့် မွေးနေ့ပါတီပွဲကိုသာ ကျင်းပပေးခဲ့သည်။ ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းက စျေးမကြီးသည့် လက်ဆောင်အသေးအမွှားများ ပြင်ဆင်လာခဲ့ကာ ဟော့ရှီးက စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်ခန်းတစ်ခုကို ဘိုကင်တင်လိုက်သည်။ သူ့မွေးနေ့ပွဲဖြစ်သော်လည်း ဒီတစ်နှစ်လုံးအတွက် ဝန်ထမ်းများ၏ အားထုတ်မှုကို ကျေးဇူးတင်သည့်အနေဖြင့် လိုက်ကျွေးသည့် ညစာစားပွဲနှင့် ပို၍ ဆင်တူသည်။

GTKWF (Myanmar Translation )Where stories live. Discover now