Chapter 88

1.8K 307 95
                                    

{Unicode}

အပိုင်း ၈၈

ဟော့ရှီးနှင့် လင်းယင်ထုန်အကြား ဇာတ်ဝင်ခန်းမှာ ပြီးဆုံးသွားပြီးဖြစ်ပြီး ဒါရိုက်တာက ရှန့်ချောင်၏ မျက်ဝန်းအကြည့်ကို ပြန်လည်ရိုက်ကူးကာ  ထိုနေ့အတွက် ရိုက်ကွင်းသိမ်းသည်။

လင်းယင်ထုန်မှာ နောက်ဆုံးတွင် ရှန့်ချောင်အဆင်မပြေမှုကို မြင်တွေ့ရသည်မို့ ကျိန်းသေပေါက် ဒီအခွင့်အရေးကို လက်လွတ်မခံပေ။ သူမက ခနဲ့တဲ့တဲ့မေးသည်။

"ရှောင်ချောင် အခုလေးတင် ဘာဖြစ်သွားတာလဲ? မနာလိုဖြစ်နေတာလား?"

ရှန့်ချောင် - "ကျွန်မက လောင်ဖော်ဖန်မဟုတ်ဘူး"

လင်းယင်ထုန် - "......."

ရှန့်ချောင် ပြုံးရင်း တင်းကျန်ကမ်းပေးလာသည့် ကုတ်အကျီကို ဝတ်ဆင်လိုက်ပြီး နောက်လှည့်ထွက်သွားသည်။

ကားပေါ်ရောက်လျှင် ဖန်းပိုင်က ကားမောင်းသူအဖြစ် နေရာယူကာ တင်းကျန်က သူမနှင့်အတူ နောက်ခန်းတွင် စီးနင်း၍ မနက်ဖြန်ရိုက်ကွင်းအတွက် အချိန်ဇယားအား ကြည့်ရှုသည်။ ရှန့်ချောင်က ရုတ်တရက် မေးခွန်းထုတ်သည်။

"နင် မြင်လိုက်လား? ငါ တကယ်ကြီး မနာလိုဖြစ်နေတာလား?"

တင်းကျန် - "မနာလို ဖြစ် မဖြစ်က ပြောရခက်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်းနည်းနေတဲ့ပုံတော့ ပေါက်တယ်"

ရှန့်ချောင် - "......"

ဒါ မဖြစ်နိုင်ဘူး!

သူမက လော်ဖော်ဖန်ဖြစ်သော်လည်း သူမ၏ အိုင်ဒေါလ် အချစ်တွေ့ကာ လက်ထပ်လျှင်တောင် မျက်ရည်ဖြင့် ဆုမွန်ကောင်းတောင်းပေးမည့် လောင်ဖော်ဖန်မျိုးဖြစ်သည်။ သူမသင်ယူခဲ့ရသည့် ပညာရေးက လက်တွေ့ဘဝနှင့် အိပ်မက်အား ကွဲကွဲပြားပြားခွဲခြားနိုင်ရန် သင်ကြားပေးထားပြီး အိုင်ဒေါလ်များနှင့် ပတ်သက်၍ အလွန်အမင်း စွဲလမ်းစိတ်မျိုး မထားပေ။

ထိုမျှသာမက ယခုချိန်မှာ ရိုက်ကူးရေး လုပ်နေရုံသက်သက်။ ဒီတော့ သူမ ဘာကြောင့်များ မနာလိုဖြစ်ရသလဲ?

ဘုရားရေ!! သူမ ဟော့ရှီးနဲ့ အချိန်အတော်ကြာကြာ နီးနီးကပ်ကပ် တည်ရှိမှုကြောင့် မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှုမျိုးတွေ လုပ်နေမိပြီလား??!

GTKWF (Myanmar Translation )Where stories live. Discover now