Chapter 36

1.9K 232 7
                                    

{Unicode}

အပိုင်း ၃၆

သူမ မြို့ပေါ် ပြန်ရောက်ချိန်တွင် ညလယ်ခေါင်ရှိပြီ ဖြစ်ကာ မနက်ဖြန်မနက်တွင် ကြည့်ကောင်းနေစေရန်အတွက် ရှန့်ချောင် အထုပ်အပိုးမဖြည်တော့ပဲ သန့်ရှင်းရေးလုပ်ပြီးသည်နှင့် အိပ်ရာဝင်လိုက်သည်။

နောက်တစ်နေ့မနက်တွင် သူမ အိပ်ရာမှထကာ မိတ်ကပ်ပြင်လိုက်ပြီး ကိုးနာရီထိုးခါနီးတွင် သူမအခန်းတံခါးခေါက်သံ ကြားလိုက်ရသည်။

ရှန့်ချောင် တံခါးဆွဲဖွင့်ကာ ယဉ်ယဉ်ကျေးကျေးပြုံးပြဖို့ ပြင်ချိန်မှာပင် အနီရောင်အနွေးအကျီကို ဝတ်ဆင်ကာ ပန်းတစ်ပွင့်လို ပြုံးပြနေတဲ့ ဖန်းပိုင်ကို တံခါးဝတွင် မြင်လိုက်ရသည်။

"Surprise!"

ရှန့်ချောင် စက္ကန့်အနည်းငယ်မျှ အေးခဲသွားသည်။

"နင် ကျုံးရှားဆီ ရောက်သွားတာလား?"

"အွန်း! မနေ့က ပေ့ကောက ကျွန်တော့်ဆီ ဆက်သွယ်ပြီး အစ်မ ကျုံးရှားနဲ့ စာချုပ်ချုပ်မဲ့အကြာင်းပြောတယ်၊ ပြီးတော့ ကျွန်တော့်ကို အစ်မနဲ့ အလုပ်ဆက်လုပ်ချင်လား မေးတယ်၊ ကျိန်းသေပေါက် ကျွန်တော် ဆက်လုပ်ချင်တာပေါ့၊ အဲ့ဒါနဲ့ ညတွင်းချင်း လေယာဉ်စီးပြန်လာတာ"

ရှန့်ချောင် အချိန်ခဏမျှ စိတ်လှုပ်ရှားသွားရသဖြင့် ဘာပြောရမည်မှန်း မသိတော့ချေ။

အခန်းထဲ ဖန်းပိုင်အတူရှိနေခြင်းကြောင့် သူမ၏ စိုးရိမ်ပူပန်မှုမှာ တဝက်မျှ လျော့ကျသွားသည်။ ကားထဲ ဝင်ထိုင်ချိန်တွင် နောက်ခန်း၌ ဖန်းပိုင် သူမအတွက် ပြင်ဆင်လာသည့် သူမသဘောကျသည့် မနက်စာကား အသင့်ပင်။

ကားမှာ သူမအတွက် ကျုံးရှား ပြင်ဆင်ပေးထားသည့် အဆင်မြင့်လုပ်ငန်းသုံးကားဖြစ်ကာ အတွင်းပိုင်းကို အဆင့်အတန်းမြင့် မွမ်းမံထားသည်။ ဖန်းပိုင်ခမျာ သူ့ကိုယ်ပိုင်ကားကဲ့သို့ စိတ်လှုပ်ရှားနေသည်။

"ဒီကားက အဆင့်အတန်းရဲ့ ပြယုဒ်ပဲ!! ကျွန်တော်အရင်က ဒီလောက် စျေးကြီးတဲ့ကား မမောင်းဖူးဘူး!"

ကားထိုင်ခုံများသည်ပင် လည်သာထိုင်ခုံများဖြစ်သည်။

ကျုံးရှားက သူတို့၏ စိတ်ရင်းမှန်ကို ဖော်ပြနေခြင်းဖြစ်သည်။

GTKWF (Myanmar Translation )Where stories live. Discover now