Chapter 46

1.9K 260 15
                                    

{Unicode}

အပိုင်း ၄၆

ရဲအရာရှိများ တံခါးဝထံ ရောက်ရှိလာချိန်တွင် ကောင်းမေလင်က အိမ်တွင် ဟင်းချက်နေသည်။ သူမကား အိမ်ထောင်ကွဲတစ်ဦးဖြစ်ပြီး သူမသားသမီးများကို ခင်ပွန်းဟောင်းဆီ ပေးအပ်ထားပြီးဖြစ်သည်။ ကြီးမားကျယ်ပြန့်သည့် အဆင့်မြင့်အိမ်ကြီးအိမ်ကောင်းတွင် သူမ တစ်ဦးတည်းနေထိုင်သော်လည်း အခန်းတစ်ခုလုံးမှာ မဲမှောင်သည့်အငွေ့အသက်တို့ စိမ့်ဝင်နေသည်။

တံခါးဖွင့်လျှင် ဖွင့်ခြင်းပင် သူမ ရဲအရာရှိများကို မြင်တွေ့လိုက်ရပြီး အေးခဲသွားရသည်။

တဖက်ရှိ ရဲအရာရှိနှစ်ဦးမှာလည်း အံ့အားသင့်သွားရသည်။ အစပထမပိုင်း သံသယရှိသူမှာ ထိုမျှကဲ့သို့ ကြွယ်ဝသည့်နေရာမျိုးတွင် နေထိုင်သည့်အတွင် တံခါးနောက်ကွယ်တွင် ကောင်းမွန်စွာကြီးပြင်းလာသည့် ချမ်းသာသည့် ဇနီးသည်လိုအမျိုးသမီးမျိုး ပေါ်ထွက်လာမည်ဟု တွက်ဆထားကြသည်။ သို့ရာတွင် ထိုအချိန်ခဏ၌ တံခါးဝတွင် ရပ်နေသည့် အမျိုးသမီးမှာ ပိန်လွန်းအားကြီးကာ သူမ၏ မေးရိုးများကို ပို၍ ထင်ရှားလာစေပြီး ပါးပြင်များ ချိုင့်ဝင်နေမှုကို ပိုသိသာလာစေသဖြင့် မျက်နှာတစ်ခုလုံးကား အကျည်းတန်ပုံပေါက်စေသည်။

ရဲအရာရှိက သူ့အိုင်ဒီကို ပြလိုက်ပြီး လာရင်းကိစ္စကို ပြောသည်။ ထို့နောက် ရှန့်ချောင်၏ ဓါတ်ပုံကို ထုတ်ယူလာပြီး သူမ ရှန့်ချောင်အား မှတ်မိခြင်း ရှိ မရှိ မေးမြန်းသည်။

သူမက မမှတ်မိပဲ ဘယ်လိုများနေပါ့မလဲ? အနှီကောင်မလေးက အရာအားလုံးကို ဖုန်မှုန့်ဖြစ်စေခဲ့သည်မလား။

ရှန့်ချောင်ကြောင့်ပင် သူမက ကုမ္ပဏီမှ ထုတ်ပယ်ခြင်းခံရကာ ဆိုးယုတ်သည်ဟု နာမည်တပ်ခံရသည်။ အေးဂျင့်အသိုင်းအဝိုင်းအတွင်းတွင် လူတိုင်းက သူမအား ရှောင်ဖယ်သွားကြပြီး သူမ၏ သူငယ်ချင်းများပင် သူမအား ဖယ်ကြဉ်ကြသည်။

သူမဘဝက အလင်းရောင်ကို မမြင်နိုင်သော ကြွက်တစ်ကောင်ပမာ နှစ်ပေါင်းများစွာ ရှန့်ချောင်ဆီမှ ညစ်ထုတ် ရယူထားသည်များကို စားသုံးကာ အလုပ်သစ်မရှာဖွေနိုင်သလို ဘဝသစ်လည်း မစတင်နိုင်ပေ။

GTKWF (Myanmar Translation )Where stories live. Discover now