Chapter 66.1

1.7K 257 10
                                    

{Unicode}

အပိုင်း ၆၆.

အေးစက်စက်အထိအတွေ့က သူမနှုတ်ခမ်းဖျားမှတဆင့် နှလုံးသားထိတိုင် ထုံကျင်သွားရပြီး နှလုံးသားမှတဆင့် ဦးနှောက်ထိ ရောက်ရှိသွားကာ သူမအား အသိစိတ် လုံးဝ ပျောက်သွားစေသည်။

သူမဦးခေါင်းထက်မှ သူ၏ အက်ရှရှအသံ ထွက်ပေါ်မလာခင်အထိပင်။

"မင်းဘာလုပ်နေတာလဲ?"

ငါ ဘာလုပ်နေမိတာလဲ?

ငါ ဘာလုပ်မိသွားတာလဲ?

ငါ ရူးသွားပြီလား?

ငါ နတ်ဘုရားကို ပစ်မှားမိပြီ!! ဘုရားက အပြစ်ပေးတော့မှာပဲ!!

ရှန့်ချောင် ရုတ်ခြည်းဆိုသလို အသိစိတ်ပြန်ဝင်လာပြီး ဦးနှောက်ကြိုးများ အလုပ်လုပ်လာကာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ပြန်လည်ရရှိလာချိန်တွင် သူမမျက်နှာတစ်ခုလုံး ရဲရဲနီသွားသည်။ သူမ ဟော့ရှီးကို လက်တစ်ဖက်နှင့် တွန်းထုတ်လိုက်ကာ မတ်တပ်ထရပ်ပြီး ထွက်ပြေးတော့သည်။ ရှန့်ချောင်က ရေချိုးခန်းထဲ ဝင်ပြေးသွားကာ တံခါးလော့ခ်ချလိုက်ပြီးနောက် ရေဘုံပိုင်ခေါင်းဖွင့်ကည မျက်နှာကို ရေအေးဖြင့် သစ်ချလိုက်သည်။ သူမကိုယ်သူမ မှန်ထဲ ပြန်ကြည့်ရင်း ပါးစပ်အုပ်ကာ အသံတိတ် အော်ဟစ်နေမိသည်။

သွားပြီ၊ ငါတော့ သွားပြီ၊ လုံးဝ သွားပြီ!

သူမ၏ ချစ်ခြင်းမေတ္တာမှာ ဖြူစင်ခြင်းမရှိတော့။ သူမ၏ အိုင်ဒေါလ်ကို ကိုယ်ထိလက်ရောက် စော်ကားလိုက်မိပြီ။ ဖော့ပြောရလျှင် ဒါက မသင့်တော်သည့် လုပ်ရပ်ဖြစ်ပြီး ကြီးကျယ်အောင် ပြောရလျှင် ဤလုပ်ရပ်ကား ညစ်ညမ်းသည့် လုပ်ရပ်ဖြစ်သည်။

နောက်ပိုင်း ဟော့ရှီးက သူမအပေါ် ဘယ်လိုထင်မြင်နေလိမ့်မလဲ? ဂရုထဲရှိ ညီအစ်မများကို သူမ ဘယ်လိုများ မျက်နှာချင်းဆိုင်ရမလဲ? သူမ အမှားလုပ်မိသွားပြီ။

အားးး!! သူမက တကယ့်အပြစ်သားပဲ!!

ရေချိုးခန်းတံခါးခေါက်သံ ပေါ်ထွက်လာပြီး ရှန့်ချောင် လန့်ဖျပ်သွားရကာ သူမခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားရသည်။ ဟော့ရှီး၏ အသံခပ်ဩဩက တံခါးအပြင်ဘက်ဆီမှ ပေါ်ထွက်လာသည်။

GTKWF (Myanmar Translation )Where stories live. Discover now