Chapter 20

2.1K 236 17
                                    

{Unicode}

အပိုင်း ၂၀ | ဒါက ကိုယ်ကျင့်တရား ဒေဝါလီခံတာလား? တစ်ကိုယ်ရည် ကိုယ်ကျင့်တရားဖောက်ပြန်မှုလား?

အဖွဲ့သားတွေ သူတို့၏ လက်ကျန်ငွေကို ရေတွက်လိုက်ချိန်တွင် ယွမ် ၁၀၀၀ သာ ကျန်သည်။ ကံကောင်းစွာဖြင့်ပင် မနေ့က သူတို့ အတော်များများဝယ်ထားသည်မို့ ရက်အတော်များများ စားနိုင်ပေသည်။ ရှန့်ချောင် ရေခဲသေတ္တာထဲ ကြည့်လိုက်ကာ ဒါရိုက်တာထံ မေးလိုက်သည်။

"ဧည့်သည်က သီးသန့်စားချင်တာမျိုး ရှိလား?"

"မရှိဘူး၊ ဒါပေမဲ့ မင်းတို့ သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုရမယ်"

ရှန့်ချောင် ခေတ္တတွေးတောလိုက်ပြီးနောက် အကြံပြုသည်။

"ဟော့ပေါ့ချက်ရင် ဘယ်လိုလဲ? ငါတို့မှာ ဟင်းသီးဟင်းရွက်တွေ ရှိပြီးသား၊ ဟော့ပေါ့အရည်ဝယ်ဖို့ပဲ လိုမယ်"

လူတိုင်း သဘောတူလိုက်သည်။

"ဒါဆို ငါတို့ နေ့ခင်းကတည်းက ဟင်းပွဲပြင်ထားလို့ရပြီ၊ မနေ့ညက ကျန်တဲ့ ဆော့စ်ရှိတော့ ငါတို့ နေ့ခင်းကျရင် ခေါက်ဆွဲစားပြီး ညနေကျမှ ဟော့ပေါ့စားရအောင်"

တစ်အုပ်စုလုံး ခေါင်းညိတ်လိုက်သည်။

ရိုက်ကူးရေးအဖွဲ့သားများထံမှ ရှန့်ချောင် စာရွက်နှင့် ဘောပင်တောင်းလိုက်ကာ ကော်ဖီစားပွဲရှေ့ထိုင်လိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် နောက် ရက်နှစ်ဆယ်အတွင်း ဘယ်လိုပိုက်ဆံရှာမလဲ နည်းလမ်းစဉ်းစားရအောင်"

လုရီဟန် - "ကျွန်တော်က အသက်မပြည့်သေးဘူး၊ ကလေးလုပ်သားက ဥပဒေနှင့်မညီဘူး"

လူတိုင်း ရယ်မောလိုက်ကာ ရှန့်ချောင်က

"ရှိုးရဲ့ လက်ရှိအစီအစဉ်အရဆိုရင် ဧည့်သည်က နှစ်ရက်ခြားတစ်ခါလာနိုင်တယ်၊ ငါတို့အတွက်တောင် အသုံးစရိတ်မလောက်တာ ဧည့်ခံဖို့အတွက်ပါဆိုရင် ပိုက်ဆံရှာဖို့ နည်းလမ်းရှာရမယ်"

သူတို့နာမည်ခြောက်ခုကို သူမချရေးလိုက်ပြီး ထပ်ပေါင်းထည့်ရန် မေးလိုက်သည်။

GTKWF (Myanmar Translation )Where stories live. Discover now